အိန္ဒိယနိုင်ငံတွင် ယခုသီတင်းပတ်အတွင်း လေကြောင်းလိုင်းများ ဗုံးခွဲခံရမည်ဆိုသည့် အတုအယောင် ခြိမ်းခြောက်မှု ၇၀ ကျော်ကြောင့် လေကြောင်းခရီးစဉ်များ အနှောက်အယှက်ဖြစ်ခဲ့ရပြီး စိုးရိမ်းမှုများကို မြင့်တက်စေခဲ့သည်သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။
လေကြောင်းခရီးစဉ် အားလုံးသည် ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့သော်လည်း ထိုခြိမ်းခြောက်မှုများကြောင့် အချို့လေယာဉ်များသည် ကနေဒါနှင့် ဂျာမနီတို့သို့ ပြောင်းလဲဆင်းသက်ခဲ့ကာ ဗြိတိန်နှင့် စင်ကာပူတွင်လည်း တိုက်လေယာဉ်များက ခရီးသည်တင်လေယာဉ်များကို လိုက်ပါစောင့်ကြပ်ပေးခဲ့သည်။
အိန္ဒိယစိုးရနှင့် ပြည်သူ့လေကြောင်း အာဏာပိုင်အဖွဲ့ကမူ အလွန်တင်းကျပ်သည့် အရေးယူမှု ပြုလုပ်သွားမည် ဟု သတိပေးခဲ့သည်။
အောက်တိုဘာ ၁၃ ရက်ကတည်းက ပြည်တွင်းနှင့် ပြည်ပလေကြောင်းလိုင်းများကို ပစ်မှတ်ထားသည့် အတု အယောင်ခြိမ်းခြောက်မှုပေါင်း ၇၀ ကျော်ရှိခဲ့ကြောင်း Times of Indiaနှင့် News 18 တို့က ဖော်ပြခဲ့ပြီး အောက်တိုဘာ ၁၉ ရက် တစ်ရက်တည်းမှာပင် ခြိမ်းခြောက်မှု ၃၀ ခန့် ရှိခဲ့သည်ဟုဆိုသည်။
ထိုခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး ဆယ်ကျော်သက်လူငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရသော်လည်း ခြိမ်းခြောက်မှု များ ဆက်လက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
