ပေကျင်း၊အောက်တိုဘာ ၂၁
အမေရိကနှင့်ကနေဒါတို့၏ စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကျော်သန်းသွားလာသော လုပ်ရပ်သည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေး နင့် တည်ငြိမ်ရေးကိုနှောင့်ယှက်ခြင်းဖြစ်သည်ဟု ပေကျင်းတပ်မတော်၏ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ပိုင်းစစ်ဌာနချုပ်အနေဖြင့် အချိန်ပြည့် နိုးကြားမှုရှိပြီး နိုင်ငံ့အချုပ်အခြာအာဏာနှင့်လုံခြုံရေးအပြင် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကိုပါ ပြတ်ပြတ်သားသား ကာကွယ်ထားမည်ဖြစ်ကြောင်း အဆိုပါကွပ်ကဲမှုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီရှီကပြောကြားခဲ့သည်။
အောက်တိုဘာ ၂၀ ရက်၊တနင်္ဂနွေနေ့က အမေရိကန်ဖျက်သင်္ဘော ဟစ်ဂင်စ် နှင့် ကနေဒါဖရီးဂိတ်စစ်သင်္ဘော ဗန်ကူးဗားတို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ယင်းသို့ဖြတ်သန်းစဉ် အရှေ့ပိုင်းစစ်ဌာနချုပ်မှ ရေတပ်နှင့်လေတပ်များသည် ရေလက်ကြား၌ ဖြတ်သန်းသွားသည့်ရေယာဉ်များ၏ သွားလာမှုကို အနီးကပ်စောင့်ကြည့်ကာ အခြေအနေကို ဥပဒေစည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းလည်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ
Photo credit : Bloomberg & SCMP

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
