မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ရှိ ရွှေဂူကြီးစေတီကြီးတွင် ပုဂံခေတ်မှ ပင်းယခေတ်အတွင်း အနုပညာလက်ရာများ တစ်စုတဝေးတည်း လေ့လာနိုင်ကြောင်း သိရသည်။
ယင်း ရွှေဂူကြီးစေတီကို အနော်ရထာမင်းကြီးလက်ထက်တွင် တည်ထားခဲ့ခြင်း ဖြစ်ကာ ပုဂံခေတ် အေဒီ (၁၁) ရာစုမှ ပင်းယခေတ် အေဒီ (၁၄) ရာစုအတွင်း အနုပညာလက်ရာများ တစ်စုတဝေးတည်းနှင့် အပြည့်စုံဆုံးစုဝေးတည်ရှိနေသည်ဟု သိရသည်။
ရွှေဂူကြီးစေတီတော်ကြီးသည် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့ချင်းဆက် ကားလမ်းမကြီးဘေး ကြောင်ပန်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ဇောက် ကျေးရွာအနီးတွင် တည်ရှိကာ ပုဂံခေတ်ဦးပိုင်းက ပန်းလောင်မြစ်ရိုးတလျောက် အနော်ရထာမင်းကြီးတည်ထားပူဇော်ခဲ့သော ဂူကြီး (၉) လုံးအနက် တစ်လုံးဖြစ်ခဲ့သည်ဟု သိရသည်။
ယခုအခါ တမုတ်ရှင်ပင် ရွှေဂူကြီးဘုရားကြီးအား ပြန်လည်ပြုပြင်မွန်းမံထားမှုကြောင့် ဒုတိယလှိုင်ဂူ ဂန္ဓကုဋိတိုက်အတွင်းရှိ နံရံဆေးရေးပန်းချီများနှင့် ဦးခေါင်းတော် (၂)ပေ (၆) လက်မ၊ ဉာဏ်တာ် (၁၀) ပေခန့်ရှိ အလွန်သပ္ပာယ်ကြည်ညိုဖွယ်ကောင်းသော အင်္ဂတေရုပ်ပွားတော်ကြီးနှင့် အနော်ရထားမင်းကြီး တည်ထားပူဇော်ခဲ့သော ရှေးဟောင်းအနုပညာလက်ရာများဖြစ်သည့် ပန်းဆွဲဘီလူးများ၊ နံရံအင်္ဂတေပန်း တော့ ရုပ်ကြွများ၊ စေတီတော်လေးဘက်မျက်နှာရှိ မုတ်ဦးတံကဲ ကနုတ်ပန်း ဒီဇိုင်းများ၊ ခြင်္သေ့ကိုယ်နှစ်ခွ မြင်းခေါင်းပုံနှင့် လူခန္ဓာ(အဿမုခိ)ပုံ၊ ဆင်ဦးခေါင်းနှင့် ငှက်ကိုယ်(ဆင်ငှက်)၊ ဗျိုင်းနှစ်ကောင် လည်လိ-မ်၊ ကြက်ဖ၊ ဆင်၊ သမင်၊ မျောက်၊ မိကျောင်း၊ ငါး၊ စသည့်ပုံများနှင့် အထက်ပစ္စယံအဆင့်ဆင့်၏ မှန်ကွက်များတွင် အင်္ဂတေများဖြင့် ဇာတ်တော်နိပါတ်စဉ်များနှင့် ဇာတ်တော်အမည်ရေးထိုးထားသော ငါးရာငါးဆယ် သရုပ်ဖော်ဖောင်းကြွရုပ်ပုံများ၊ မုတ်ဦးအတွင်း ဉာဏ်တော် (၁၀) ပေရှိ ရုပ်ပွားတော် စသည့် ဆန်းကြယ်သည့် (၁၂) ရာစုခေတ် ပန်းတော့လက်ရာ အနုစိတ် အင်္ဂတေဒီဇိုင်းများနှင့် တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်မြတ်ကြီးအား ဖူးတွေ့ရမှာဖြစ်ပြီး ရှေးမူလလက်ရာအတိုင်း တစ်နေရာတည်း အပြည့်အစုံဆုံး စုဝေးတည်ရှိရာ စေတီကြီး တစ်ဆူ ဖြစ်နေကြောင်းလည်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
