ကြိုတင်စည်းကမ်းသတ်မှတ်ချက်မျိုးမရှိဘဲ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတို့နှင့် နျူကလီးယား ဆွေးနွေးမှုများလုပ်ရန် ဝါရှင်တန်က အသင့်ရှိသည်ဆိုသော အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့၏ မကြာခင်က ထုတ်ပြန်ချက်များသည် လှည့်စားမှုတစ်ခုဖြစ်သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ပြေဆိုလိုက်သည်။
“မဟာဗျူဟာမြောက် တည်ငြိမ်မှု၊ နျူကလီးယားလက်နက်တွေ ထိန်းချုပ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကြိုတင်သတ်မှတ်ချက် မရှိဘဲ ဆွေးနွေးဖို့ တောင်းဆိုတာက လှည့်စားမှုတစ်ခုပါ” ဟု လက်ဗရော့ဗ်က ပြောဆိုကြောင်း Argumenty I Fakty သတင်းဌာနက တနင်္လာနေ့(အောက်တိုဘာ ၂၁) အစောပိုင်းတွင် ဖော်ပြခဲ့သည်။
ကြိုတင်သတ်မှတ်ချက် မရှိဘဲဟူသည့် ဆိုလိုရင်းမှာ အမေရိကန်များသည် ၎င်းတို့၏ မူသတ်မှတ်ချက် စာရွက်စာတမ်းများတွင် မိမိတို့အား ရန်သူအဖြစ် ကြေညာပိုင်ခွင့်ကို ကိုင်ဆွဲထားသော အဓိပ္ပာယ်ဖြစ်သည်ဟု သူက ဆိုခဲ့သည်။
ယခုနှစ်တွင် နို့ဘဲလ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သော ဂျပန်အဖွဲ့အစည်း Nihon Hidankyo သို့ မှတ်ချက်ပြုခဲ့ရာတွင် နျူကလီးယား ခြိမ်းခြောက်မှုကို လျှော့ချရန်အတွက် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတို့နှင့် ကြိုတင်သတ်မှတ်ချက်မရှိသော ဆွေးနွေးမှုများလုပ်ရန် အသင့်ရှိနေသည်ဟု အိမ်ဖြူတော်က ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး စစ်ပွဲဆက်ဖြစ်နေမှုကြောင့် မော်စကိုနှင့် အနောက်နိုင်ငံများအကြား ကျူးဘား ဒုံးကျည်အရေးအခင်းနောက်ပိုင်း အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်များများ ဖြစ်စေခဲ့သည်။
Ref: Aol
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
