ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်း ဘင်္ဂါလီများအား ကမန်အဖြစ်ပြောင်း၍ နိုင်ငံသားကတ်ထုတ်ပေးခြင်းနှင့် မောင်တောမြို့နယ်အတွင်း ဘင်္ဂါလီများကို ဆွဲခန့်ကျောင်းဆရာအဖြစ် ခန့်ထားခြင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံခြင်းကိစ္စများတွင် မစိစစ်ဘဲ သွင်းလာခြင်းကို သဘောမတူသည့်အတွက် စစ်တွေမြို့မှ ဒေသခံများ၊ စည်းထိန်းသံဃာတော်များ ပါဝင်သော ဒေသခံ ၂၀၀ ကျော်က စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင် သူများအနက် ဒေါ်ကျော့စိန်က “အဓိကတော့ အချက်သုံးချက်ပါမယ်။ ရမ်းဗြဲမြို့နယ်မှာ ဘင်္ဂါလီ ၃၃၀၀ ကျော်ကို ကမန်လူမျိုးဆိုပြီးတော့ နိုင်ငံသားကတ်ထုတ်ပေးခဲ့တယ်။ ဒီကိစ္စကို ကမန်တိုင်းရင်းသားတွေအပါအဝင် ဒေသခံရခိုင်တိုင်းရင်းသားတွေကလည်း ကန့်ကွက်ခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး။ ဒါကြောင့် အဲဒီကိစ္စကိုကန့်ကွက်တာဖြစ်တယ်။ ပေးထားတဲ့ နိုင်ငံသားကတ်တွေကို ပြန်ရုပ်သိမ်းပေးစေလိုတယ်။ ဒီလိုမျိုးလုပ်တာဟာ ရခိုင်ပြည်နယ်အတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ သိပ်ပြီးအရေးကြီးတဲ့ ကိစ္စဖြစ်တယ်။ အန္တရာယ်လည်းများတဲ့ အလုပ်ဖြစ်တယ်။ နောက်ပြီး မောင်တောမှာ ဘင်္ဂါလီတွေကို ဆွဲခန့်ကျောင်းဆရာတွေအဖြစ် ခန့်ထားပေးတာဟာလည်း ဥပဒေနဲ့မညီသလို ပြဿနာဖြစ်အောင် ဖန်တီးတာလည်းဖြစ်တယ်လို့မြင်တယ်။ နောက်ပြီးဘင်္ဂါလီတွေကို ပြန်ခေါ်တဲ့အထဲမှာ ဘယ်လိုပုံစံမျိုး စစ်ဆေးမှာလဲ ဆိုတာမသိရဘဲ ပြန်ဝင်လာမယ်ဆိုရင် အကြမ်းဖက်သမားတွေ ပြန်ပါလာမှာကို စိုးရိမ်တဲ့အနေနဲ့ ကန့်ကွက်တာဖြစ်တယ်။ မောင်တောဒေသခံတွေကလည်း ကန့်ကွက်ဆန္ဒထုတ်ဖော်ထားပြီးဖြစ်တဲ့အတွက် သူတို့နဲ့အတူ ကျွန်မတို့ ပါဝင်တယ်ဆိုတာကို ပြသတာဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ဆန္ဒထုတ်မည့်နေရာတွင်လည်း ဘင်္ဂါလီတို့၏ ခိုးဝင်နေထိုင်မှုများ၊ အကြမ်းဖက်မှုများ၊ လူမျိုးနာမည်လိမ်လည်လုပ်ကြံဖန်တီးနေသော ပြဿနာများကို ရခိုင်ပြည်သူများ ခါးစည်းခံနေကြရကြောင်းများပါရှိသည့် စာကိုလည်းဖြန့်ဝေခဲ့ကြောင်း၊ ယင်းစာတွင် ကမန်အတုကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲများထံသို့ ပြန်လည်စိစစ်ရေး အသိပေးစာပေးပို့ထားကြောင်း၊ မြန်မာနိုင်ငံသားဖြစ်မဖြစ် စိစစ်မှုမရှိဘဲပညာ ရေးဝန်ထမ်း မခန့်ထားသင့်ကြောင်း၊ ယင်းအပြင် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက လူမှုအဖွဲ့အစည်းအသီးသီး၊ ဥပဒေပညာရှင်၊ သမိုင်းပညာရှင်များနှင့် ပါတီများ၊ မျိုးနွယ်စုများနှင့် တွေ့ဆုံကာအစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်ရန် ဆုံးဖြတ်ချက်ဖြင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါသော အောင်မြေကုန်းကျောင်းတိုက်ဆရာတော် ဦးစန္ဒာဝရကလည်း “အခုဆန္ဒထုတ် ဖော်တယ်ဆိုတာက ပြည်သူ့အသံကို ထုတ်ဖော်တာဖြစ်တယ်။ အစိုးရဟာ ပြည်သူ့အသံကို နားထောင်ပြီးလုပ်နေတဲ့ ပြည်သူ့အစိုးရလို့ ဘုန်းကြီးတို့သိရတယ်။ နိုင်ငံတော်အတွက် အလုပ်လုပ်တဲ့အခါမှာ နိုင်ငံတော်အတွက် အလုပ်မလုပ်ဘဲ ပါတီအရေးကို ဇောင်းပေးပြီးတော့လုပ်နေတာ တွေ့ရတယ်။ နိုင်ငံအတွက် လဝကဆိုတာ အဓိကကျတယ်။ ကျောက်နီမော်မှာ ကမန် ၂၅၀ လောက်ရှိတာကို ကမန်ဆိုပြီး ဘင်္ဂါလီ ၃၃၀၆ ယောက်ကို နေပြည်တော်ကလာပြီး လုပ်ပေးသွားတယ်။ ဒါဟာ နိုင်ငံတော်အတွက်လိုအပ်တဲ့ဥပဒေကို လဝကကိုယ်တိုင် ချိုးဖောက်ပြီးတော့ လုပ်နေကြမယ်ဆိုရင် နိုင်ငံအနာဂတ်အတွက် ရင်လေးစရာကောင်းပါတယ်။ ၁၉၈၂ ခုနှစ် ဥပဒေဟာ နိုင်ငံရဲ့အသက်သွေးကြောလို အရေးပါတယ်။ ဒါကြောင့် ဥပဒေအတိုင်း လုပ်ဆောင်သင့်တယ်လို့ ပြောချင်တယ်။
နိုင်ငံအတွက်အရေးပါတဲ့ ဥပဒေတစ်ရပ်ကို ပညာရှင်တွေရေးဆွဲထားကို လက်နဲ့လုပ်တာကို ခြေနဲ့ဖျက်သလိုဖြစ်နေသလားလို့ ပြည်သူတွေ စဉ်းစားလာကြတယ်” ဟု မိန့်ကြားသည်။
ထို့ပြင် နိုင်ငံသားဖြစ်ထိုက်သူများကို တား၍မရနိုင်ကြောင်း၊ ဥပဒေနှင့်ညီလျှင် မည်သူ့ကိုမဆိုပေးရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်မညီပါက ပြည်သူ့အသံထွက်လာမည်ဖြစ်ကြောင်း၊ ကမန်အစစ်များနှင့်ညှိနှိုင်းပြီး လုပ်ကမန်များကို ပယ်ဖျက်ပေးစေလိုကြောင်း၊ လဝကတွင် ဆောင်ပုဒ်ရှိကြောင်း၊ ယင်းဆောင်ပုဒ်ကို ယင်းတို့အနေဖြင့် လေးစားသင့်ကြောင်း၊ မှားယွင်းစွာလုပ်မိသည် ဆိုသည်မှာ ကလေးကစားသည့်လုပ်ရပ် မဟုတ်ကြောင်းများကိုလည်း ဆရာတော်က ထပ်လောင်းမိန့်ကြားသည်။
ထို့ပြင် မောင်တောတောင်ပိုင်းရှိ သင်္ဘောကွေ့ကျေးရွာအား ဘင်္ဂါလီများကို ပြန်ပေးမည့်ပုံစံပြောနေကြောင်း၊ ယင်းသို့ဆိုလျှင် မောင်တောမြို့သူကြီးတွင် ရဲစခန်းတည်ဆောက်လိုက်ခြင်းအပေါ် နိုင်ငံတကာမှ မမြင်လေသလားဟု မေးမြန်းစရာဖြစ်လာကြောင်း ဆရာတော်က မိန့်ကြားသည်။
ထို့ပြင် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူ မောင်တောမြို့နယ်မှ ဦးအောင်တင်မောင်ကလည်း “မောင်တောတောင်ပိုင်းမှာ ပြန်လည်နေရာချထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေနဲ့ နေ့စဉ်ပြဿနာဖြစ်လာမယ်။ ဘင်္ဂါလီတွေက အမျိုးသမီးကိစ္စမှာလည်းရှုပ်ထွေးကြောင်း၊ ဘင်္ဂါလီများသည် ပြဿနာရှာလေ့ရှိသဖြင့် တိုင်းရင်းသားများသာ အမြဲတမ်းခံနေကြရတယ်။ ဒါကြောင့် ပြည့်သူတွေရဲ့အသံကို အစိုးရနေနဲ့ နားထောင်ပေးစေလိုတယ်” ဟု ပြောကြားသည်။
ကြွေးကြော်ရာတွင်လည်း ကမန်အတု အင်္ဂါလီများအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှု လက်မခံလက်မခံ၊ မောင်တောခရိုင်၌ မွတ်စလင်လူငယ်များအား ကျောင်းဆရာခန့်အပ်မှု လက်မခံ၊ လက်မခံ၊ မောင်တောတောင်ပိုင်း၌ ဘင်္ဂါလီများကို မထားရှိရေး ဆန္ဒထုတ်ဖော်မှုကို ထောက်ခံသည်၊ ခိုးဝင်ဘင်္ဂါလီများအား သက်ဆိုင်ရာက အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရေး ဒို့အရေး ဒို့အရေး စသဖြင့် ဆိုင်းဘုတ်ပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် ကျောက်နီမော်ကျေးရွာမှ ဘင်္ဂါလီများအား ကမန်အဖြစ်သဘောထား၍ နိုင်ငံသားပေးခြင်းသည် တိုင်းရင်းသားမျိုးနွယ်စုများသို့ ဆွဲသွင်းခြင်း ဖြစ်သဖြင့် တိုင်းရင်းသားအခွင့်အရေးတောင်း ဆိုလာပါက ပြဿနာကြီးထွားလာနိုင်ကြောင်း ဒေသခံများနှင့်လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုမှုများ ရှိခဲ့ပြီး ယင်းကိစ္စအပေါ် ရခိုင်တစ်ပြည်နယ်လုံးက ကန့်ကွက်နေကြသည်ကိုလည်း တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
