မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီအားကစားကွင်းတွင် ပြုလုပ်ခဲ့သည့် AFC Suzuki ဖလား ၂၀၁၈ ပြိုင်ပွဲ၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် မလေးရှားပွဲသို့ သွားရောက်ကြည့်ရှုအပြီး ပြန်လာသည့် အမျိုးသမီးများပါ ပါဝင်သော မြန်မာအလုပ်သမား ၂၅ ယောက်ခန့်အား မလေးရှားလူမျိုး ၃၀ ယောက်ခန့်က ၀ိုင်းဝန်းထိုးကြိတ်ကာ ရိုက်နှက်မှု နိုဝင်ဘာ ၂၄ ရက် ညပိုင်းက မလေးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတ သွေးလှူရှင်အဖွဲ့ (မလေးရှာ၊ မြန်မာ) မှ စုံစမ်းသိရသည်။
နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် AFC Suzuki ဖလား ၂၀၁၈ ပြိုင်ပွဲ၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနှင့် မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါပွဲစဉ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် မြန်မာပရိသတ်များထဲမှ အမျိုးသမီးများပါဝင်သော မြန်မာအလုပ်သမား ၂၅ ယောက်ခန့်သည် ပြိုင်ပွဲကြည့်ရှုပြီးတွင် ဘူကစ်ဂျာလီ အားကစားကွင်း၏ ဝင်ပေါက် E မှ ပြန်လာခဲ့ပြီးနောက် ဘတ်စ်ကားစောင့်ဆိုင်းနေစဉ်တွင် မလေးရှား လူမျိုး အယောက် ၃၀ ခန့်က ၎င်းတို့အား ဘာဘီဟုအော်ဟစ်၍ ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်ရိုက်နှက်ခံခဲ့ရမှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးနှင့် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည့် အမျိုးသားတစ်ဦးတို့မှာ ဒဏ်ရာအနည်းငယ် ပြင်းထန်ခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရပြီး ကျန်ရှိသည့် အမျိုးသမီးများအပါအဝင် အခြားသော မြန်မာအလုပ်သမားများ၌ ထိုးကြိတ်ခံရသည့် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားသည့် အနီးတွင်ရှိသည့် မလေးရှားနိုင်ငံမှ ယာဉ်ထိန်းရဲများအား အရိုက်ခံခဲ့ရသည့် မြန်မာပရိသတ်များက တိုင်ကြားခဲ့သော်လည်း “မင်းတို့နှောင့်ယှက်လို့ အရိုက်ခံရတာ” ဟူ၍သာ ပြန်လည်ပြောဆိုခဲ့ပြီး အရေးယူခြင်းမရှိခဲ့ကြောင်း သိရပြီး ယင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သည့် မလေးရှား လူမျိုးနှစ်ဦးက မလေးရှားလူမျိုး ၃၀ ခန့်က အတင်းဝင်ရောက်ရိုက်နှက်ခြင်းဖြစ်သည်ဟုလည်း ပြောဆိုခဲ့ကြောင်း သိရသည်။
“မနေ့က ဘောလုံးပွဲကြည့်ပြီးပြန်လာတဲ့ ဝင်ပေါက် E ကနေပေ့ါ။ မြန်မာပရိသတ် ၂၅ ယောက်လောက်က လမ်းမကြီးပေါ်ကနေ ဘတ်စ်ကား စောင့်နေကြတယ်။ လူက နည်းနည်းပြတ်တယ်။ အဲဒီမှာ မလေး ၃၀ လောက် က ဘာဘီလို့ပြောပြီး ဝင်ရိုက်သွားတာပါ။ အရိုက်ခံရတဲ့ထဲကမှ သုံးယောက်လောက်က နည်းနည်းပြင်းလို့ ဆေးခန်းသွားပြထားရတယ်။ ကျန်တဲ့သူတွေ အမျိုးသမီးတွေလည်းပါတယ်။ သူတို့ကတော့ ထိုးတာကတော့ အကုန်အထိုးခံရတာပဲ။ ဒါပေမဲ့ ဒဏ်ရာမပြင်းကြဘူး။ အထိုးခံရတာပဲရှိလို့ ဆေးခန်းမပြတော့ဘူး။ အနီးမှာရှိတဲ့ ရဲ၊ မလေးယာဉ်ထိန်းရဲပေါ့ သူတို့ကို ပြောတော့လည်း မင်းတို့နှောက်ယှက်လို့ အရိုက်ခံရတာလို့ပဲ ပြောတယ်။ ဘာမှ မလုပ်ပေးဘူး။ အနားမှာရှိတဲ့ မလေးလူမျိုးနှစ်ယောက်ကတောင်သူတို့ မလေးလူမျိုးတွေက အတင်းဝင်ရိုက်တာပါလို့ ပြောနေသေးတာကိုတောင်ပါ” ဟု နှလုံးလှပရဟိတ သွေးလှူရှင်အဖွဲ့ (မလေးရှား၊ မြန်မာ) မှ ကိုသက်က The Daily Eleven သတင်းစာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။
နိုဝင်ဘာ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် မြန်မာပရိသတ်များ ရိုက်နှက်ခံခဲ့ရသည့် ဖြစ်စဉ်မျိုးကဲ့သို့သော အလားတူဖြစ်စဉ်များသည် မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် မြန်မာနှင့် မလေးရှားဘောလုံးအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်မှုများအပြီးတိုင်းတွင် ဖြစ်ပွားလေ့ရှိပြီး ယင်းဖြစ်စဉ်များအား မလေးရှားနိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူမှုများ ပြုလုပ်လေ့မရှိကြောင်းလည်း ကိုသက်၏ ပြောကြားမှုအရ သိရသည်။
ယင်းသို့ ဘောလုံးပွဲစဉ်ကြည့်ရှုပြီး ပြန်လာသည့် မလေးရှားရောက် မြန်မာပရိသတ်များ ရိုက်နှက်ခံရမှုဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မြန်မာဘောလုံးအသင်း၏ ပွဲစဉ်ကို အားပေးသည့် ပြည်ပရောက် မြန်မာပရိသတ်များအတွက် လုံခြုံရေးအစီအစဉ်များ ပြုလုပ်ပေးရန်အတွက် မြန်မာပရိသတ်များက လိုလားလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့က မြန်မာတွေလေ။ မြန်မာပွဲဆိုကြည့်ချင်ကြတာ၊ အားပေးချင်ကြတာပဲ။ မလေးမှာက ကျွန်တော်ဆို နေလာတာကြာပြီ။ မြန်မာ-မလေးပွဲ အပြီးတိုင်း မြန်မာတွေ အရိုက်ခံရတယ်။ အဲဒီလို အရိုက်ခံရတိုင်းလည်း သူတို့ဘက်က ဘယ်သူကမှ အရေးတယူမလုပ်ကြဘူး။ ဒါတောင်မနေ့က ရှုံးသွားလို့။ နိုင်များသာ နိုင်သွားခဲ့ရင် ဘယ်လောက်တောင် ဆိုးလိမ့်မလဲ မသိဘူး။ ကျွန်တော်တို့တွေကတော့ မြန်မာဘောလုံးအဖွဲ့ချုပ်ကိုရော ကျန်တဲ့တာဝန်ရှိသူတွေကို ပြောချင်တာက ကျွန်တော်တို့ ပြည်ပရောက် မြန်မာပရိသတ်တွေအတွက် ဘောလုံးပွဲကြည့်တဲ့ အချိန်တွေမှာ လုံခြုံရေး အစီအစဉ်တွေ လုပ်ပေးစေချင်တယ်။ မြန်မာဆိုတော့ မြန်မာပွဲကို ရှုံးရှုံးနိုင်နိုင် သွားအားပေးချင်ကြတာကိုး” ဟု ကိုသက်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
