ရန်ကုန်မြစ်အတွင်း ငါးနှစ်စီမံကိန်းအဖြစ် အကြီးစားသောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေရာ အပြင်စည်းခုံနေရာကို လေးမီတာအနက်အထိရရှိအောင် သောင်တူးဖော်ခြင်း ပြီးစီးပြီဖြစ်၍ ရေလမ်းကြောင်း တည်ငြိမ်မှုရရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
ရန်ကုန်မြစ်အတွင်း အကြီးစားသောင် တူးဖော်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီဖြင့် ငါးနှစ်စာချုပ်ချုပ်ဆို ဆောင်ရွက်နေခြင်းဖြစ်ပြီး လုံလောက်သည့် ရေအနက်ရရှိရန် ပုံမှန်ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။
“ရန်ကုန်မြစ်အတွင်း အကြီးစားသောင်တူးလုပ်ငန်းက Star High Asia Pacific Ltd နဲ့ ငါးနှစ်စာချုပ်ချုပ်ပြီး တူးဖော်နေတာဖြစ်လို့ လုံလောက်တဲ့ ရေအနက်ရအောင် သောင်တူးလုပ်ငန်းကို ပုံမှန်ပြုလုပ်သွားမှာပါ။ အခုထိတော့ အပြင်စည်းခုံနေရာမှာ လေးမီတာအနက်အထိ ရရှိပြီဖြစ်လို့ ရေလမ်းကြောင်း တည်ငြိမ်နေပါပြီ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းမှူးချုပ် ဦးအောင်ကျော်ထူးက ပြောကြားသည်။
အဆိုပါ သောင်တူးလုပ်ငန်း ဆောင်ရွက်ရန် တင်ဒါအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တင်ဒါခေါ်ယူခဲ့ပြီး Star High Asia Pacific Ltd က တင်ဒါအောင်မြင်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် စာချုပ်၍ လုပ်ငန်းအပ်နှံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစာချုပ်အရ တင်ဒါအောင် ကုမ္ပဏီက သင်္ဘောငှားရမ်းခေါ်ယူကာ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပြီး တစ်နှစ်စာစာချုပ်အရ လုပ်ငန်းဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၅ သန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ Star High Asia Pacific Ltd ကုမ္ပဏီသည် ယခုနှစ်မှစ၍ ငါးနှစ်ကြာ ရန်ကုန်မြစ်အတွင်း သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိထားပြီး စာချုပ်ကို တစ်နှစ်တစ်ခုချုပ်ဆို၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။
ရန်ကုန်မြစ်အတွင်း ရေစူးအနက် ကိုးမီတာရှိ သင်္ဘောကြီးများ ဝင်ထွက်နိုင်ရန် ခွင့်ပြုထားသော်လည်း ရေလမ်းကြောင်း တဖြည်းဖြည်း တိမ်ကောလာမှုကြောင့် ဒီရေတက်ချိန်စောင့်ပြီး ဝင်ထွက်သွားလာနေရကြောင်း သိရသည်။ ရန်ကုန်မြစ်ကြောင်းအတွင်း နေ့စဉ်သင်္ဘောဝင်ရောက်မှု အစင်းရေ ၂၅၀ မှ ၃၀၀ ကြားတွင်ရှိသောကြောင့် ရေစူးအနက် ကိုးမီတာရှိ သင်္ဘောကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က တင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြစ်အတွင်းသို့ တန်ချိန်များသော ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် ယခုနှစ်အတွက် အကြီးစားသောင်တူးသင်္ဘောဖြင့် သောင်တူးဖော်ခြင်း လုပ်ငန်းကို မေ ၁၄ ရက်မှစ၍တစ်လခွဲခန့် ပြုလုပ်မည် ဖြစ်သည်။
ယခုသောင်တူးခြင်းလုပ်ငန်းတွင် အတွင်းစည်းခုံနေရာအား ၄ ဒသမ ၇ မီတာအနက်တူးပြီး အပြင်စည်းခုံနေရာကို ငါးမီတာအနက် တူးဖော်မည်ဖြစ်ကြောင်း သိရသည်။
အပြင်စည်းခုံနှင့် အတွင်းစည်းခုံဟု ခေါ်ဆိုသည့် ရန်ကုန်မြစ်အတွင်း ရေတိမ်ပိုင်းနေရာနှစ်ခုတွင် ရန်ကုန်မြို့၏ အဓိကအချက်အချာကျရာ ဆိပ်ကမ်းများသို့ တန်ချိန်များသော ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် အကြီးစား သောင်တူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
