၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်သူများထံသို့ မြန်မာ့စီးပွားရေးဘဏ် Two Step Loan ချေးငွေ ကျပ်ဘီလျံ ၂၀၀၀ ကျော်အထိ ထုတ်ချေးသွားရန် လျာထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
နိုဝင်ဘာ ၂၄ ရက်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)တို့သို့ သွားရောက်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ယင်းကဲ့သို့ ကြည့်ရှုစစ်ဆေးစဉ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၀၁၈ ဘီလျံ ထုတ်ချေးရန် လျာထားကြောင်း ပြည်ထောင်စုဝန်ကြီးထံ တင်ပြခဲ့သည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ယခင်က စိုက်ပျိုးစရိတ်ချေးငွေ တစ်ခုတည်းသာ ထုတ်ချေးလျက်ရှိရာမှ ယခုအခါ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ JICA, Two Step Loan ချေးငွေကို ၂၀၁၇ ခုနှစ်မှစ၍လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ် Two Step Loan ချေးငွေကို ၂၀၁၈ ခုနှစ်မှစ၍ လည်းကောင်း ထုတ်ချေးပေးခဲ့ခြင်းဖြစ်သည်။
JICA, Two Step Loan ချေးငွေကို ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၁၂၉ မြို့နယ်မှ တောင်သူ ၁,၁၉၃ ဦးတို့သို့ ကျပ် ၄၅ ဒသမ ၀၁၇ ဘီလျံ ထုတ်ချေးပေးထားပြီး ဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ် Two Step Loan ချေးငွေကိုလည်း မြို့နယ် ၅၂ မြို့နယ်မှ တောင်သူ၊ လုပ်ငန်းရှင် ၂၄၂ ဦးသို့ ကျပ် ၂ ဒသမ ၆၀၃ ဘီလျံ ထုတ်ချေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
တောင်သူလယ်သမားများကို စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုမည့် လယ်ယာသုံး စက်ကိရိယာများနှင့် ကုန်တင်ယာဉ်များ ဝယ်ယူနိုင်ရန် ချေးငွေထုတ်ချေး ပေးသွားမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရန်အတွက် ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ချေးငွေထုတ်ချေးပေးရာတွင် တောင်သူလယ်သမားများ စိုက်ပျိုးရေး လုပ်ငန်းတွင် အသုံးပြုရန် ဝယ်ယူမည့် လယ်ယာသုံး စက်ကိရိယာနှင့် ကုန်တင်ယာဉ်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“တကယ်လို့ သိန်း ၃၀၀ တန်စက် ဝယ်မယ်ဆိုရင် Working Capital က သိန်း ၂၀၀ မရပါဘူး။ အများဆုံး ၇၅ သိန်း အထိသာရမှာ ဖြစ်ပါတယ်” ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) မှ လက်ထောက်မန်နေဂျာ ဒေါ်သက်သက်လွင်က ပြောကြားထားသည်။
ထို့ပြင် JICA နှစ်ဆင့်ချေးငွေ စီမံကိန်းအရ တောင်သူလယ်သမား တစ်ဦးလျှင် ကျပ်သိန်း ၅၀၀ နှင့် အစုအဖွဲ့တစ်ခု အဖွဲ့တစ်ခုလျှင် ကျပ်သိန်း ၅၀၀၀ အထိကို ငွေအရင်းဆိုင်းငံ့ကာလ ၁၀ နှစ်အပါအဝင် နှစ် ၄၀ ဖြင့် ကျပ်ဘီလျံ ၁၈၀ ခန့် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“တောင်သူတိုင်း၊ အစုအဖွဲ့တိုင်းကို သိန်း ၅၀၀၊ သိန်း ၅၀၀၀ ပေးတာတော့ မဟုတ်ပါဘူး။ ဘယ်လောက် ချေးသင့်သလဲဆိုတာ ဆုံးဖြတ်တဲ့ Criteria တွေရှိပါတယ်။ ငွေချေးလိုသူရဲ့ လုပ်ငန်းပမာဏ၊ ချေးငွေလိုအပ်ချက်၊ သူ့ရဲ့ပြန်လည် ပေးဆပ်နိုင်စွမ်းတို့အပေါ် မူတည်ပြီး ထုတ်ချေးမယ့် ချေးငွေပမာဏကို ဆုံးဖြတ်ပါတယ်” ဟု ဒေါ်သက်သက်လွင်က ပြောကြားထားသည်။
အဆိုပါ လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွက် JICA နှစ်ဆင့်ချေးငွေ စီမံကိန်းကို နှစ် ၄၀ စီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
