ချင်းပြည်နယ်အတွင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် အလားအလာ အရှိဆုံးနေရာများတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးလျက်ရှိပြီး တရုတ်၊ ဂျပန်နှင့် နော်ဝေနိုင်ငံမှ ကုမ္ပဏီများက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေစူးစမ်း လေ့လာရန် စိတ်ဝင်စားနေကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအစိုးရသစ်လက်ထက် ပထမနှစ်နှစ်တာ ကာလအတွင်း ချင်းပြည်နယ်ပြင်ပမှ လာရောက်ပြီး ရင်းနှီးမြှုပ်နှံရန်အတွက် လေ့လာမှု ပြုလုပ်ကာ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှု အများဆုံးကဏ္ဍမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် အလားအလာအရှိဆုံး နေရာနှစ်ခု မှာ ပလက်ဝမြို့နယ်၊ သံတောင် ဒေ သ၊ ကိုဖေရှည်ကျေးရွာအနီး လေး မြို့မြစ်ပေါ် (ခန့်မှန်း မဂ္ဂါဝပ် ၆၀၀)နှင့် ဖလမ်းမြို့နယ်၊ ကဘားနီအနီး မဏိပူရမြစ်ပေါ် (ခန့်မှန်း မဂ္ဂါဝပ် ၃၈၀) တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အလတ်စား (မဂ္ဂါဝပ် ၁၀ နှင့်၃၀ ကြား) နှင့်အသေးစား (မဂ္ဂါဝပ် ၁၀ အောက်) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများ အကောင်အထည်ဖော်နိုင်မည့် စူးစမ်းရှာဖွေဆဲ ဖြစ်နိုင်ခြေ များပြားသည့် နေရာများကို မတူပီ၊ မင်းတပ်၊ ထန်တလန်၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် တွေ့ရှိထားကြောင်း သိရသည်။ ထို့ပြင် လေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် အလားအလာရှိသော နေရာကို တီးတိန်မြို့နယ်အတွင်း တွေ့ရှိထားကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ပထမနှစ်နှစ်တာ ကာလအတွင်း၌ ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ စူးစမ်းလေ့လာလိုသော တရုတ်၊ ဂျပန်နှင့် နော်ဝေနိုင်ငံများမှ ကုမ္ပဏီ အနည်းဆုံး ခုနစ်ဖွဲ့ခန့်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
လျှပ်စစ်ဥပဒေ (၂၀၁၄) အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို မဂ္ဂါဝပ် ၃၀ အထိ ပေးအပ်ထားသော်လည်း မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်း မရှိသော လုပ်ငန်းဖြစ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ အနေဖြင့် မဟာဓာတ်အားလိုင်းစနစ်သို့ ပို့လွှတ်ရောင်းချရန်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဆိုပါက ပြည်ထောင်စုအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြိုတင်သဘောထားမရရှိဘဲ စီမံကိန်းရင်းနှီးမြှုပ်နှံရန် အခက်အခဲရှိကြောင်း သိရသည်။
အထူးသဖြင့် လျှပ်စစ်ဓာတ်အား ရောင်းချရာတွင် ရောင်းချစျေး (Tariff) သည် အလွန်အမင်း နည်းပါးပြီး အရင်းကျေကာလ မလွဲမသွေ ကြာမြင့်မည်ဖြစ်ရာ ထုတ်လုပ်နိုင်သည့် စီမံကိန်းများရှိသည့်တိုင် ရင်းနှီးမြှုပ်နှံရန် စွန့်စားရမည်ဟု ချင်းပြည်နယ်အတွင်း ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် ပြည်နယ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထို့ပြင် ချင်းပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဦးစီးဌာန ဖွဲ့စည်းထားရှိမှုလည်း မရှိသဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ အနေဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၏ သဘောတူ ထောက်ခံအားပေးမှု မပါရှိဘဲ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ ဆန္ဒသဘောထား တစ်ခုတည်းဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
