ကိုရီးယား မြန်မာ ခေတ်ပြိုင် အနုပညာဖလှယ်သည့် ပန်းချီပြပွဲကို နိုဝင်ဘာ ၂၄ရက်မှ နိုဝင်ဘာ၂၈ ရက်အထိ ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါ ပန်းချီပြပွဲတွင် ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံမှ အနုပညာ လက်ရာရှင်ပေါင်း ၂၆ယောက် မှ လက်ရာမြောက်သည့် ပန်းချီကား စုုစုပေါင်း ၄ဝခန့်ကို ပြသထားသည်။
ယင်းပြပွဲ၌ မြန်မာနိုင်ငံမှ ပန်းချီအနုပညာရှင်များမှာ အောင်သိီဟ၊ အောင်သင်းဦး၊ ကြီးမြင့်စော၊ မာန်ဇာဟိန်း၊ မောင်မောင်ယဉ်မင်း၊ မင်းရီ၊မင်းညို၊ မိုးကျော်၊ မိုးသန့်အောင်၊ သန့်ဇင်၊ ဝင်းဇော်ဇော်နှင့် ဇော်ဝင်းဖေ တို့ဖြစ်ကြသည်။
“ယဉ်ကျေးမှုနဲ့ အနုပညာဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ မျက်နှာစာပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုတွေ အနု ပညာတွေကို ဖော်ထုတ်ရသလို သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ အနုပညာတွေကို ဖော်ထုတ်ရတဲ့ အနေအထားမှာ နှစ်နိုင်ငံ ချစ်ကြည်မှုတွေတင် မကဘူး။ အာရှနိုင်ငံတွေ မှာ ယဉ်ကျေးမှုတွေက ဆက်နွယ်နေတယ်။ အနုပညာတွေက တစ်ခု နဲ့တစ်ခု စီးမျောသွားတယ်လို့လည်း ခံစားရပါတယ်။” ဟု ပန်းချီ သန့်ဇင်က ဆိုသည်။
ယင်းပြပွဲသည် ၂၀၁၈ခုနှစ်က ကျရောက်ခဲ့သော နှစ်ရ၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားအောက်မေ့ဖွယ် ကျင်းပခြင်းဖြစ်သည့်အပြင် ၂၀၁၉ ခုနှစ်တွင် ကျရောက်သော နှစ် ၃၀ မြောက် ကိုရီးယား အာရှ ရင်း နှီးကျွမ်းဝင်မှု အထိမ်းအမှတ်ပြပွဲလည်း ဖြစ်ကြောင်း သိရသည်။
“ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ အာရှနိုင်ငံသား များသာမက မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ အနုပညာတွေကို ဖလှယ်သွားဖို့နဲ့ အနုပညာရှင်များ အချင်းချင်း ရင်းနှီးမှုတွေ ရရှိုဖို့အတွက် ရည်ရွယ်ပါ တယ်” ဟု Embassy Of The Republic Of Korea မှ Second Secreatry ဖြစ်သည့် Mr. jang San Woo မှ ပြောပြသည်။
ကိုရီးယား မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးများ၊ အနုပညာနှင့် ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်များအပြင် အတွေး အမြင်သစ်များကို ဖလှယ်နိုင်စေရန် အတွက် ယခုကဲ့သို့သော အနုပညာ ပြပွဲများကို ၂၀၁၅ခုနှစ်မှ စတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
