၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တစ်လကျော်အတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၁ ဒသမ ၆ သိန်းကျော် တင်ပို့ထားပြီး ဝင်ငွေဒေါ်လာသန်း ၇၀ ကျော်အထိ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂ ရက်အ ထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၁၆၈,၁၄၆ တန် တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာ ၇၃ သန်းအထိ ရရှိထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကြားကာလခြောက်လဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလကုန် အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း တန်ချိန် ၇ ဒသမ ၉၃၄ သိန်းကျော် တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာ သန်း ၄၀၀ ခန့် ရရှိထားသည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတန်ချိန် ၁ ဒသမ ၃၁၇ သန်း တင်ပို့ထားပြီး ဝင်ငွေ ဒေါ်လာသန်း ၈၉၀ ခန့် ရရှိထားသည်။
၂၀၁၆-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄၂၄ သန်းကျော် တင်ပို့ထားပြီး ဒေါ်လာ သန်း ၁,၄၀၀ ခန့် ရရှိထားသည်။ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၂၄၂ သန်းကျော် တင်ပို့ထားပြီး ဒေါ်လာ သန်း ၁,၂၀၀ ကျော် ရရှိထားသည်။
ထို့အတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁ ဒသမ ၄၉၇ သန်းကျော် တင်ပို့ထားပြီး ဒေါ်လာ သန်း ၁၂၀၀ အထိရရှိထားသည်။
လာမည့် နှစ်နှစ်အတွင်း ငါး၊ ပုစွန် တင်ပို့မှုမှ ဒေါ်လာ သုံးဘီလျံအထိ ရရှိရန်အတွက် မျိုးငါး၊ မျိုးပုစွန်၊ မြေနေရာနှင့် ချေးငွေလိုအပ်ချက်များကို ကူညီပံ့ပိုးပေးရန်အတွက် မတ် ၇ ရက်ကပြုလုပ်သည့် ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (၁၅) ကြိမ်မြောက် အခမ်းအနားတွင် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဌေးမြင့်က တင်ပြခဲ့သည်။
လာမည့် နှစ်နှစ်အတွင်း ပြည်ပသို့ ငါး၊ ပုစွန်များတင်ပို့မှုမှ ဒေါ်လာသုံးဘီလျံအထိ ရရှိစေရန်အတွက် မျိုးငါး၊ မျိုးပုစွန်၊ မြေနေရာများနှင့် ချေးငွေများလိုအပ်မှုကို SME ချေးငွေအဖြစ် ရာခိုင်နှုန်း ၅၀ အား ထုတ်လုပ်သူများကလည်းကောင်း၊ ၂၅ ရာခိုင်နှုန်းအား အစိုးရကလည်းကောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းအား ပြည်ပရင်းနှီးမြှုပ်နှံမှုမှ ရရှိခြင်းဖြင့်လည်းကောင်း ထည့်ဝင်နိုင်ရန်အတွက် အစိုးရက ကူညီပံ့ပိုးပေးရန် တင်ပြခဲ့ခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုစွန်အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် ပမာဏက အိမ်နီးချင်းနိုင်ငံများ၏ တင်ပို့မှု ပမာဏကိုမီရန် အဆပေါင်းများစွာ လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် တင်ပို့မှု ပမာဏကို မြင့်တင်ရာတွင် သဘာဝ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင်ဆောင်ရွက်ကာ တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
