ဒါကာ၊အောက်တိုဘာ ၂၁
နိုင်ငံတော်ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့သော ကျောင်းသားများဦးဆောင်သည့် တော်လှန်ရေးအပြီး၌ ဆက်လက်ဖြစ်ပေါ်နေသော မငြိမ်သက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်၏ အရေးပါသော အထည်ချုပ်လုပ်ငန်းသည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
သို့သော် ထိပ်တန်းစက်မှုလုပ်ငန်းရှင်များကမူ အထည်ချုပ်လုပ်ငန်းသည် လတ်တလော ၌ အခြေအနေ တည်ငြိမ်နေပြီဖြစ်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။
နိုင်ငံရှိ အထည်ချုပ်စက်ရုံ ၃,၅၀၀ သည် နိုင်ငံ၏ နှစ်စဉ် ပို့ကုန်မှဝင်ငွေဒေါ်လာ ၅၅ ဘီလျံ၏ ၈၅ ရာခိုင်နှုန်းခန့်အထိ ထိန်းထားနိုင်သော်လည်း မငြိမ်မသက်မှုများဖြစ်ပေါ်ခဲ့မှုကြောင့် အထည်ချုပ်လုပ်ငန်းကို သိသိသာသာအနှောင့်အယှက်ဖြစ်စေခဲ့သည်ဟုဆိုသည်။
အေ-သအပျောက်ရှိသည့် ဆန္ဒပြမှုများအပြီးတွင် ခေါင်းဆောင်ဟောင်းဟာစီနာသည် သြဂုတ် ၅ ရက်တွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ရဟတ်ယာဉ်ဖြင့် ထွက်ပြေးခဲ့ရသည်။
ယင်းနောက် ငြိမ်းချမ်းရေးနို့ဘဲလ်ဆုရှင် မိုဟာမက်ယူနွတ်ဦးဆောင်သော ကြားဖြတ်အစိုးရက အာဏာလွှဲပြောင်းရယူခဲ့သော်လည်း အထည်ချုပ်စက်ရုံများတွင် ဆန္ဒပြမှုများသည် ဆက်လက်ဖြစ်ပွားနေပြီး အလုပ်သမားများက အလုပ်အကိုင်နှင့် လစာပိုကောင်းရန် တောင်းဆိုမှုများ ဆက်လက်ပြုလုပ်နေခြင်းလည်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံးအဝတ်အထည်တင်ပို့သည့်နိုင်ငံဖြစ်ပြီး Levi’s၊ Zara နှင့် H&M အပါအဝင် ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်များစွာကိုလည်း ဘင်္ဂလားဒေ့ရှ်၌ပင်ချုပ်လုပ်လျက်ရှိသည်။
Source : Lumi
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
