ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဝင်းအတွင်း သဲနုန်းရှင်းလင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးပါက မကြာမီလျှပ်စစ်မီးပုံမှန် ပို့လွှတ်ဖြန့်ဖြူးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ဘီလူးချောင်းအမှတ်(၂)ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် စက်ရုံဝင်းအတွင်းသဲနုန်းရှင်းလင်းခြင်းနှင့် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပြီးပါက မကြာမီလျှပ်စစ်မီး ပုံမှန်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၂၀ ရက်က ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်ခဲ့ပြီး စက်ရုံနှင့် စက်ရုံဝင်းအတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်နေသောနုန်းများ ဆယ်တင်၍ သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးပို့လွှတ်နိုင်ရန် အဓိကဖြစ်သည့် Control Panel များတွင် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် Panel များ အတွင်း ဝင်ရောက်နေသော သဲနုန်းများ ရှင်းလင်းနေမှု၊ ဓာတ်အားပေးစက်ရှိ Main Valve နှင့် Nozzel Valve များ ပြန်လည်ပြင်ဆင်နေမှု၊ စက်ခန်းများပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။
ယင်းနောက် ဘီလူးချောင်း အမှတ်(၂) ဓာတ်အားပေးစက်ရုံ အမြန်လည်ပတ်ပြီး လျှပ်စစ်ဓာတ်အား ပြန်လည်ပို့လွှတ်နိုင်ရန်အတွက် ဘီလူးချောင်း အမှတ်(၁) စက်ရုံနှင့်အမှတ်(၂) စက်ရုံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်စဉ် လိုအပ်ချက်များဖြည့်ဆည်းပေးရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံအမြန်ပြန်လည် လည်ပတ်နိုင်ရေးအတွက် စုပေါင်းလုပ်အားပေး ဆောင်ရွက်ကြသည့် စက်ရုံဝန်ထမ်းများနှင့် လောကထု၊ ကျောက်တောင် ကျေးရွာသူ ကျေးရွာသားများကို ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
