သီရိလင်္ကာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လောင်စာဆီ ဂါလံပေါင်းသိန်းချီသယ်ဆောင် လာသည့် ရထားတစ်စင်းက ဆင်အုပ်ကို ဝင်တိုက်မိပြီး တောဆင်ရိုင်းနှစ်ကောင် သေဆုံးကာ တစ်ကောင်ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရထားတွဲနှစ်တွဲလမ်းချော်သွားကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ကိုလံဘို မြို့တော်မှ၁၂၄ မိုင် အကွာရှိ မင်နီရီရာမြို့တွင် ယင်းမတော်တ ဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၈ ရက်က ဆင်အကောင်ရေ ၂၀ နီးပါးရှိ သည့် ဆင်အုပ်တစ်အုပ်သည့် မီးရထားလမ်း ကြောင်းပေါ်ကို ရုတ်တရက် ဖြတ်သန်းရန်ကြိုး ပမ်းခဲ့ကြောင်း ရထားယာဉ် မောင်းက အေပီ သတင်းကို ပြောပြခဲ့သည်။
“ကျွန်တော်တို့နဲ့ ဆင်အုပ်ကြားမှာ ၁၀ မီတာ လောက်ပဲကွာ တော့တယ်။အဲဒါကြောင့် ကျွန် တော်တို့လည်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ကျွန် တော်တို့ဘရိတ်ကို ပြင်းအားအများဆုံးနဲ့ ဆွဲ ခဲ့ပေမယ့်အချိန် မမီနိုင်ခဲ့ပါဘူး။ ဆင်လေး ကောင်ထက်မနည်း တိုက်မိသွားခဲ့ပါတယ်”ဟုပြောပြခဲ့သည်။
ထိုမီးရထားတွင် လောင်စာသိုလှောင်ကန်ရှစ်ခုပါဝင်ပြီး ကန် ငါးခုတွင် ဒီဇယ်များကို သယ်ဆောင်လာကာ နောက် ထပ်သုံးခုတွင် ဓာတ်ဆီများသယ်ဆောင်လာ ခြင်းဖြစ်ပြီး ကန်တစ်ခုစီတွင်လီတာ ၅၀၀၀၀ (ဂါလံ ၁၃၂ဝဝဝခန့်)ပါရှိကာ လမ်းချော်သွားသောကြောင့် ယိုစိမ့်မှုများရှိခဲ့သည်။
Ref;AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
