ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ရန်ကုန်ရွှေအသင်းရည် ညွှန်းဈေးသည် တစ်ကျပ်သား ၅၅ သိန်းကျော်အထိမြင့်တက်လာကြောင်း အသင်းမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်း ကျဆင်းလာသော်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးပါ လိုက်ပါမြင့်တက်လျက်ရှိပြီး ယနေ့ ကမ္ဘာ့ရွှေဈေးတစ်အောင်စလျှင် ၂၇၀၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ၏ သတ်မှတ်ရွှေဈေးသည် တစ်ကျပ်သားလျှင် ၅၅၄၁၅၁၀ ကျပ်ထိ မြင့်တက်လာပြီး ပြင်ပရွှေဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ၆၃၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
သို့သော်ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး အရောင်းပိုများနေကြောင်း ရွှေအရောင်းဆိုင်များ၏ ပြောပြချက်အရ သိရသည်။
” အဝယ်ကတော့ ရှိတယ်။ ဒါပေမဲ့နည်းတယ်။ အရောင်းကပိုများတယ်။ သီတင်းကျွတ်ပြီးနောက်ပိုင်း ရွှေအရောင်းအဝယ်ကောင်းမယ်လို့ မှန်းထားတယ်။ အခုတော့ နည်းနည်းလေးအေးနေတယ်” ဟု ရွှေရောင်းချသူတစ်ဦးက ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။
ရန်ကုန်ရွှေအသင်းအနေဖြင့် ရည်ညွှန်းဈေးကို နိုင်ငံတကာ ရွှေဈေးအား ဗဟိုဘဏ်၏ ဒေါ်လာသတ်မှတ်ဈေးဖြင့် တွက်ချက်ပြီး သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မြန်မာကျပ်ငွေနှင့် ဒေါ်လာငွေလဲနှုန်းသည် တစ်ဒေါ် လာကို ၄၃၅၀-၄၄၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
