ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ မြောက်ပိုင်းခရိုင်အတွင်းမှ မြို့နယ်(၅)ခုတွင် လျှပ်စစ် ဓာတ်အားပေးတိုင်များ လဲကျပျက်စီးခဲ့ကြောင်း သိရသည်။
YESC မြောက်ပိုင်းခရိုင်ကွပ်ကဲမှုအောက်ရှိ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ ထောက်ကြန့်နှင့် လှည်းကူးမြို့နယ်တို့တွင် သစ်ပင်များလဲကျကာလျှပ်စစ်ဓာတ်အားလိုင်းတိုင်(၁၂)တိုင်ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်း၊ ကြွေသီးများကွဲခြင်း၊ မီတာများပျက်စီးခြင်း၊ ဓာတ်အားခွဲရုံအတွင်းရေများဝင်ရောက်ခြင်းများဖြစ်ပေါ်ခဲ့ကာ လျှပ်စစ်ဓာတ်အားယာယီပြတ်တောက်မှုများလည်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ တာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားအမြန်ဆုံးပြန်လည်ပို့လွှတ်ပေးနိုင်ရေးအတွက် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။







-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
