ရှမ်းပြည်နယ်ဝန်ကြီးချုပ် သည် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီး ပြည်နယ် ဝန်ကြီး နှစ်ဦးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
တပ်မတော်မှ အရေးပေါ်အခြေအနေ ကြေညာပြီးနောက် ဖေဖော်ဝါရီ ၁ ရက် နံနက် ၃ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို ဖမ်းဆီးခဲ့ပြီး၊ ဖေဖော်ဝါရီ ၁ ရက် နှင့် ၂ ရက် တို့တွင် ခွဲ၍ ပြန်လွှတ်ပေးခဲ့ကာ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင် ၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ တို့ နှစ်ဦး သာ ဆက်လက်ထိန်းသိမ်း ခံနေရကြောင်း သိရသည်။
“ဝန်ကြီးချုပ် ပြန်လွှတ်လာတာ ဟုတ်ပါတယ်။ အကုန်ပါ ။ ကျန်တဲ့ ဝန်ကြီးတွေရော အကုန်ပါတယ်။ အခုက နှစ် ယောက်ပဲ ကျန်တယ်ဗျ။ လွှတ်တော်ကိုယ်စားတွေ တချို့ဆွဲတယ် ။ တချို့မဆွဲဘူး။ အင်း ဝန်ကြီး လွှတ် လာတယ်။ ကလော လွှတ်လာတယ်။ တောင်ကြီး က လွှတ်လာတယ် အဲလိုတော့ ကြားတယ်။ ”ဟု ရှမ်းပြည်နယ် အောင်နိုင်ရေးအဖွဲ့မှ ဦးသူရစောသိန်း က ပြောကြားသည်။
“ ဦးစိုးညွန့်လွင် နဲ့ ဦးစိုင်းရှဲန်တစ်လုံ မလွတ်သေးဘူး။ ဦးမောင်မောင်စိန် မလွတ်သေးဘူး။ ပြည်နယ် ဥက္ကဋ္ဌ က လွတ်သွားတယ်။ ကျတော်လည်း လွတ်သွားတယ် ခရီးသွားနေတော့လေ။ ကျွန်တော့်အိမ်မှာ ခြံစည်းရိုး ကျော်တာပေ့ါ။ မနက်ခင်း မိုးလင်းတော့ တခါ ပြန်လာရှာတယ်။ ၈ နာရီ ထိုးတော့ ပြန်လာရှာတယ်။ အစိုးရ အဖွဲ့ က တစ်ဖွဲ့လုံး ပါသွားတယ်။ ဝန်ကြီးချုပ်ရယ်၊ စည်ပင်ဝန်ကြီး နဲ့ ဒေါက်တာ ညီညီအောင် တို့ ပြန်လွတ်လာတယ်။ ပစ္စည်းတွေ သိမ်းခိုင်းတယ် ကြားတာပဲ။ ” ဟု ပင်လုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရဲလှိုင် က ဆိုသည်။
ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ အစိုးရအဖွဲ့ ဝန်ကြီးများ ဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်လည်း ကနဦး ထိန်းသိမ်းမှုတွင် ပါဝင်ခဲ့သည်ဟု သိရပြီး ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရောက်ရှိနေသဖြင့် ထိန်းသိမ်းမှုတွင် ပါဝင်ခဲ့ခြင်း မရှိကြောင်းနှင့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည်လည်း နေပြည်တော်သို့ တာဝန်ဖြင့် ရောက်ရှိနေကြောင်း သိရသည်။
“ အိမ်ကို သုံး ရက်အတွင်း ရွေ့ရမယ် ။ အဲလောက်ပဲ ကြားတယ်။ အကုန်ပါတယ်လေ။ အရင်ဆုံး ကြံ့ခိုင်ရေး ဝန်ကြီး ဦးစိုင်းလုံကျော် ကို အရင်ခေါ်တာ၊ မနေ့ကရော ဒီနေ့ရော ပြန်လွတ်တယ်။ ဝန်ကြီးချုပ်တော့ ဒီနေ့ နေ့လည် ပြန်လွတ်လာပြီ။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို တာဝန်အနားပေးတဲ့ သဘောဖြစ်မှာပေ့ါ။ သူတို့လည်း ပြင်ဆင်စရာ ရှိတာပြင်ဆင်ကြတာ နေမှာပေါ့။ လွှတ်တော်ကိုယ်စားလှယ် တွေ လည်း မေးမြန်းပြီး ပြန်လွှတ်ကြတယ် ပြောတယ်။ ” ဟု ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုင်းဇော်ဇော် က ဆိုသည်။
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်မောင်စိန်၊ လွိုင်လင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးပျိုဝိုင်း၊ ဒုဥက္ကဌ ဦးစိုင်းစံလင်း နှင့် လွှတ်တော်ကိုယ်စားလှယ် နန်းစန္ဒာဝင်းဦး၊ ကလောမြို့နယ် တွင် ကိုချို နှင့် ဦးကိုကိုထွန်း တို့ကိုလည်း ဖမ်းဆီးထားပြီး၊ လက်ရှိအချိန်ထိ ထိန်းသိမ်းထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
