သီလဝါနှင့် တောင်ဒဂုံ စက်မှုဇုန်များရှိ SUZUKI မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ခေတ္တယာယီရပ်ဆိုင်းခြင်းသာ ဖြစ်ပြီး ယခုသတင်းအပတ်အတွင်း ပြန်လည်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း SUZUKI (MYANMAR) MOTOR CO.,ltd မှ သတင်းရရှိသည်။
ဆူဇူကီး မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်တာနက်လိုင်းများ ခေတ္တချို့ယွင်းမှုများကြောင့် မော်တော်ယာဉ်ထုတ်လုပ်မှုများအား ယာယီသာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဖေဖော်ဝါရီ ၁ ရက်က အင်တာနက်လိုင်းတွေ ချို့ယွင်းမှုကြောင့်သာ မော်တော်ယာဉ်ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းခဲ့တာပါ။ ကျွန်တော်တို့ ရုံးအဖွဲ့တွေ ရုံးကိုပုံမှန်အတိုင်းတက်ပြီး မကြာခင် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်တော့မှာပါ” ဟု SUZUKI (MYANMAR) MOTOR CO.,ltd မှ Managing Officer ဦးမျိုးမင်းထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းကြောင့် ထုတ်လုပ်ပြီး ကားအစီးရေ ၂၁၀၀ ကျော် ကျန်ရှိနေသဖြင့် သီလဝါနှင့် တောင်ဒဂုံ စက်မှုဇုန်များရှိ SUZUKI မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများ ယာယီရပ်နားထားခဲ့ကြောင်း သိရသည်။
SUZUKI (MYANMAR) MOTOR CO.,ltd မှ ထုတ်လုပ်ပြီးဖြစ်သော ERTIGA, SEIFT, CIAZ နှင့် CARRY TRUCK မော်တော်ယာဉ် အစီးရေ ၂၁၀၀ ကျော်မှာ ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကျန်ရှိနေပြီး၊ အဆိုပါ ထုတ်လုပ်ပြီး မော်တော်ယာဉ်များ ထားရှိရန် နေရာ ခုနှစ်နေရာခန့်အား ငှားရမ်းထားခဲ့ရကြောင်း သိရသည်။
ဆူဇူကီးမှ မြန်မာနိုင်ငံစျေးကွက်တွင် ၂၀၁၉ သြဂုတ်လကုန်ထိ မော်တော်ယာဉ် အစီးရေ ၁၀၄၂၈ စီး ထုတ်လုပ်ရောင်းချခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် မော်တော်ယာဉ် အစီးရေ ၁၅၀၀၀ ထိ ထုတ်လုပ်ရောင်းချနိုင်မည်ဟု ခန့်မှန်းထားကြောင်း Suzuki Thilawa Motor Co.,ltd ၏ Managing Director ဖြစ်သူ KEIICHI ASANO က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်က ပြောကြားထားသည်။
ဆူဇူကီးမှ တစ်ရက်လျှင် မော်တော်ကား ၄၈စီး တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့ပြီး၊ ၂၀၁၉ သြဂုတ်လကုန်ထိ မော်တော်ယာဉ်စီးရေ ၁၀၄၂၈ စီး ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
Suzuki Thilawa Motor Co.,ltd ၏ မော်တော်ကားတပ်ဆင်ထုတ်လုပ်ခြင်း လုပ်ငန်းသည် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံခြင်းဖြစ်ကာ လက်ရှိတွင်စုစုပေါင်း လုပ်သားအင်အား ၃၀၀ ကျော်၊ ရင်းနှီးမြုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၅သန်းဖြင့် တစ်ရက်လျှင် မော်တော်ကား ၄၈စီး တပ်ဆင်ထုတ်လုပ်ပြီး ပြည်တွင်းစျေးကွက်သို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ဆူဇူကီးမှ မြန်မာနိုင်ငံစျေးကွက်တွင် မော်တော်ယာဉ်အစီးရေ ၁၁၆၉၁ စီး ထုတ်လုပ်ရောင်းချခဲ့ရပြီး ယင်းပမာဏမှာ သတ်မှတ်ရည်မှန်းချက်ထက် ကျော်လွန်ရောင်းချခဲ့ရခြင်းဖြစ်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် ယာဉ်အစီးရေ တစ်သန်းအထိ ဝယ်ယူသုံးစွဲနိုင်မည့် စျေးကွက်ရှိနေကြောင်း Suzuki Motor Corporation ၏ President ဖြစ်သူ Toshihiro Suzuki က ပြောကြားထားသည်။
ယင်းပြင် ဆူဇူကီးနှင့် AYA ဘဏ်တို့ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ထားသည့် ခုနှစ် နှစ် ကားအရစ်ကျ ပေးချေမှု ‘AYA Super Suzuki Finance’ အစီအစဉ်မှတဆင့်လည်း all-new Suzuki Ertige အပါအဝင် မော်တော်ကားသစ်များကို ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခများ ပေးဆောင်ရန် မလိုအပ်ပဲ အရစ်ကျ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
