Top News

ဟားခါးမြို့တွင် လူနေအိမ် နှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ခြောက်ဦး သေဆုံး
24htopnews | October 22, 2024 12:12 AM CST

ဟားခါးမြို့ စျေးသစ် ရပ်ကွက်တွင်  ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက်  ၆ နာရီ ၂၀ မိနစ်ခန့်က လူနေအိမ် နှစ် လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ ပြီး အဆိုပါ အိမ်များတွင် နေထိုင်သူ ခြောက် ဦး သေဆုံးခဲ့သည်ဟု သိရသည် ။

ဖြစ်စဉ်မှာ ယနေ့  နံနက်ပိုင်းက ဟားခါးမြို့ စျေးသစ်ရပ်ကွက် ဦး ...... နေ အိမ်မှ လျှပ်စစ် ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ တစ်ဆင့် မီး စတင်လောင်ကျွမ်းခဲ့ပြီး နောက်ထပ် လူမနေသည့်  အိမ် တစ်လုံးကိုပါ ကူးစက် လောင်ကျွမ်း ခဲ့သည်ဟု သိရသည် ။

မီးလောင်ကျွမ်းမှု ကြောင့် ၃၆ x ၂၆ ပေရှိ သွပ်မိုး ၊ သွပ်ကာ ၊ ပျဉ်ခင်း ၃ ထပ်ရှိ နေအိမ် နှင့် လူမနေသည့် ၂၀ - ၁၆ ပေ ရှိ သွပ်မိုး ၊ သွပ်ကာ ၊ ပျဉ်ခင်း တစ်ထပ် နေ အိမ် နှင့် 125  Kenbo ဆိုင်ကယ် တို့ မီးလောင် ကျွမ်းခဲ့သည်ဟု သိရသည် ။

အဆိုပါ မီးလောင်ကျွမ်းမှု ကြောင့် အသက် ၁၉ နှစ် အရွယ် အမျိုးသား တစ်ဦး ၊ အသက် ၁၇ နှစ် အရွယ် မိန်းကလေး တစ်ဦး ၊ အသက် ၁၄ နှစ် အရွယ် မိန်းကလေး တစ်ဦး ၊  အသက် ၁၁ နှစ် အရွယ် အမျိုးသားတစ်ဦး ၊ အသက် ၇ နှစ် အရွယ် မိန်းကလေး တစ်ဦး ၊ အသက် ၂ နှစ် အရွယ် မိန်းကလေး တစ်ဦး ကျား ၂ ဦး နှင့် မ ၄ ဦး မီးလောင် သေဆုံးခဲ့သည် ဟု သိရသည် ။

မီးလောင်ကျွမ်းသည့် နေရာသို့ ဟားခါးမြို့ နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ် ယဉ် ၂ စီး ၊ မီးသတ် ရေသယ် ယဉ် ၁ စီး ၊ ခရိုင် မီးသတ် စခန်းမှ မီးငြိမ်းသတ်ယဉ် ၁ စီး ၊ ရေသယ်ယဉ် ၁ စီး ၊ သူနာတင်ယဉ် ၁စီး ၊ အုပ်ချုပ်မှု ယဉ် တစ်စီး နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ ဒေသခံပြည်သူများ မှ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့သည် ။

လျှပ်စစ်မီး အား ပေါ့ဆစွာ သုံးစွဲ သူ ဦး ....... ကို  ( ပ ) ၁၁ /  ၂၀၂၁ ၊ ရာဇသတ်ဦး ဥပဒေ ပုဒ်မ ၂၈၅ / ၃၀ ၄ - က  ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက် ရှိသည်ဟု သိရသည် ။

ဇန်နဝါရီလ ၉ ရက်နေ့ ညပိုင်း ကလည်း ဟားခါးမြို့ မြို့သစ်ရပ်ကွက်တွင်  Heater  ( အပူပေးစက် ) အပူလွန်ကဲရာမှ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ ကာ လူတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည် ။

အဆိုပါ မီးဘေးသင့် မိသားစုများ တွက် ပြည်နယ် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန မှ ဘေးသင့် အိမ်ထောင်စု ၁ စု အတွက် ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုး ပါဝင်သည့် ပလပ်စတစ်ပုံး ၁ ပုံး ၊ ဆန် ရိက္ခာတန်ဖိုး ၈၄၀၀ ကျပ် ၊ သေဆုံးသူ ၆ ဦး အတွက် တစ်ဦး

လျှင် ၃သိန်း ကျပ် နှုန်း နှင့် ၁၈ သိန်း ၊ မီးဘေးသင့် နေ အိမ် ၂ အိမ် အတွက် ၂ သိန်း ကျပ် တို့ ကို ထောက် ပံ့ ပေးခဲ့သည်ဟု သိရသည် ။

 


READ NEXT
Cancel OK