အရေးပေါ်အခြေအနေကြေငြာပြီးနောက် မြိတ်မြို့တွင် ထိန်းသိမ်းခံခဲ့ရသူ ၁၁ ဦးရှိခဲ့ပြီး ၁၀ ဦးအား ပြန်လည်လွတ်ပေးခဲ့ကာ တနင်္သာရီတိုင်းဒေသကြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဒေါ်ရီရီချိုကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင်မြိတ်မြို့ရှိ NLD တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပရဟိတသမားများကို တပ်မတော်မှ ထိန်းသိမ်းမှုပြုလုပ်ခဲ့ပြီး အဆိုပါနေ့ ညပိုင်းတွင် ၁၀ ဦးကို ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။
’’ ကျွန်တော့်ကို တပ်မတော်သား သုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ် ဦးတို့ကအိမ်မှာ လာရောက်ဖမ်းခေါ်သွားပါတယ်။ ၄၃၃ တပ်ရင်းမှာ ထိန်းသိမ်းခဲ့ပါတယ် ။ ကျွန်တော်အပါအဝင် ၁၀ ဦးပါ ။ ဘာမှမေးမြန်းခြင်းမရှိပါဘူး။ အခန်းတစ်ခုမှာ လူ ၃ ဦးစီခွဲထားပြီး ညပိုင်းကျတော့ကျွန် တော်တို့ကိုပြန်လည်လွတ်ပေးမှာဖြစ်ကြောင်း အရာရှိတစ်ဦးက လာပြောပါတယ်။ ည ၉နာရီလောက်မှာ ပြန်လွတ်ပေးခဲ့ပါတယ်’’လို့ထိန်းသိမ်း ခံခဲ့ရသူ ဦးမြတ်ထွဋ် ( Myat Htut –Myeik Page အသုံးပြုသူ )မှ ပြောကြားသည်။
ပြန်လည်လွတ်မြောက်လာသူ ၁၀ ဦးကို တပ်မတော်မှ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော့် အမျိုးသမီးနှင့် ပတ်သက်ပြီး သတင်းအတိအကျ မသိရှိရသေးပါဘူး။ သူ့ကိုဘယ်မှာ ထိန်းသိမ်းထားသလဲဆို တိတိကျကျ မသိရသေးပါဘူး။ မြိတ်လေတပ်စခန်း မှာထိန်းသိမ်းထားတယ်လို့ကြားရပေမယ့် အခုထိအဆက်အ သွယ်မရသေးပါဘူး၊ ကျွန်တော်လည်းဆက်သွယ်လို့မရသလို၊အမျိုးသမီးဘက်ကလည်းဆက်သွယ်မှု မရပါဘူးတပ်မတော်ဘက်ကလည်းဆက်သွယ်လာခြင်းမရှိသေးပါဘူး ‘’ ဟု တနင်္သာရီတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီးဒေါ်ရီရီချို ၏ ခင်ပွန်းဖြစ်သူ ဦးအောင်လင်းက ပြောကြားသည်။
အရေးပေါ်အခြေ အနေကြေငြာပြီးနောက်မြိတ်မြို့တွင်ထိန်းသိမ်းခံခဲ့ရသူများမှာ ဒေါ်ရီရီချို ( စီမံ/ဘဏ္ဍာဝန်ကြီး )၊ ဦးစိုးလွင် ( မြိတ်ခရိုင် NLD ဥက္ကဋ္ဌ ) ၊ ဦးဖြိုးဝင်းထွန်း ( မြိတ်မြို့နယ် NLD ဥက္ကဋ္ဌ )၊ ဦးမြတ်ကိုကို ( မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ )၊ ကိုပိုအင် ( မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်း/ပွင် )၊ ဦးမင်းလွင်ဦး ( ပရဟိတသမား )၊ ဦးဇင်မောင် ( မြိတ်မြို့နယ် NLD )၊ ဦးမြတ်ထွဋ် ( Myat Htut –Myeik Page အသုံးပြုသူ )၊ ဒေါ်ဇင်မာကြည် ( မြိတ်မြို့နယ် NLD )၊ ဒေါ်စုမ ( မြိတ်မြို့နယ် NLD )၊ ဒေါ်ရှင်ဌေး ( မြိတ်မြို့နယ် NLD )၊တို့ဖြစ်ပြီး ၁၀ ဦးကိုပြန်လွတ်ပေးခဲ့ကာ စီမံ/ဘဏ္ဍာဝန်ကြီးကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
