Top News

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြန်လည်လွတ်မြောက်လာပြီး သုံးရက်အတွင်း အစိုးရနေအိမ်မှ ပြောင်းရွှေ့ရမည်
24htopnews | October 22, 2024 12:12 AM CST

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ပြန်လည် လွတ်မြောက်လာပြီး သုံးရက်အတွင်း အစိုးရနေအိမ်မှ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က Eleven Media Group ၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုအား ဖြေကြားချက်အရ သိရသည်။

ထို့အပြင် ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ဆောင် စေချင်ကြောင်း ၄င်းတို့အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖေဖော်ဝါရီလ ၁ ရက်နေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ထားရှိထားကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ဘာမှမပြောလိုပါဘူး။ တိုင်းပြည်အတွက်ပဲ ကြည့်ပြီးတော့ လုပ်သွားမှာပဲ။ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ပြီးသား။ ဖြစ်တဲ့ဘဝမှာ ဖြစ်သလိုပဲ ကျွန်တော်တို့ကတော့ တိုင်းပြည်တာဝန်ကို ထမ်းမှာပါ။ ရွေးကောက်ပွဲရလဒ်ကိုတော့ အကောင်အထည် ဖော်ဆောင်စေချင်တာပေါ့” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများသည် နေအိမ်ကို ပြန်ရောက်သည့်အခါတွင် အိမ်မှာပဲ နေထိုင်ကြရန်နှင့် ဘယ်မှမသွားကြရန်လည်း တပ်မတော်ဘက်မှ တာဝန်ရှိသူများက ပြောကြားကြောင်း ပါတီမှ ပေးအပ်လာသည့် တာဝန်ကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း  ၄င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ပါတီက ပေးအပ်လာတဲ့ တာဝန်ကို ထမ်းဆောင်သွားမှာပဲ။ မနေ့ကတော့ ကျွန်တော်နဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ဉက္ကဋ္ဌ ဉီးသန်းနဲ့ နှစ်ယောက်ထဲ ထားတာ။ ကျန်တဲ့ ဝန်ကြီးတွေကတော့ ဘယ်ထားလို့ ထားမှန်းမသိဘူး။ ကျွန်တော် လွတ်လာမှတော့ ကျန်တဲ့ဝန်ကြီးတွေ ပြန်လွတ်လာမယ်လို့ထင်တယ်။ ဒီနေရာကနေ သုံးရက်အတွင်း ဖယ်ရမယ်ဆိုလို့ အခုပစ္စည်းတွေ အကုန်သိမ်းနေတာ။ ကျွန်တော်ကတော့ အိမ်ကနေ ဘယ်မှမသွားသေးပါဘူး။ အိမ်မှာပဲနေမှာပါ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဆက်လက် ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များဖြစ်သည့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဉီးလာလ်ထောင်ထန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးကမ်ဇာမုံ၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးသန်းညွှန့်ဝင်းတို့ကို ကနဉီး ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။


READ NEXT
Cancel OK