၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လျှပ်စစ်ဓာတ်အားရရှိပြီး မီးလင်းသည့် ကျေးရွာအရေအတွက် ၄၃၈၉ ရွာရှိပြီး ပဲခူးတိုင်းဒေသကြီးမှ ကျေးရွာပေါင်း ၁၂၄၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ပထမအဆင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအရ ၂၀၂၁ ခုနှစ် ဇန်နဝါရီအထိ ဆောင်ရွက်ပြီးစီးသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် မီးလင်းပြီး ကျေးရွာအရေအတွက်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလင်းပြီးကျေးရွာ ၄၃၈၉ ရွာရှိသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မီးလင်းပြီးကျေးရွာအရေအတွက်အနေဖြင့် ကယားပြည်နယ်တွင် လေးရွာ၊ ကရင်ပြည်နယ်တွင် ၅၅ ရွာ၊ ချင်းပြည်နယ်တွင် လေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၉၄၈ ရွာ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) တွင် ၆၉၄ ရွာနှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွင် ၅၄၈ ရွာဖြင့် ၁၂၄၂ ရွာ၊ မကွေးတိုင်းဒေသကြီး၌ ၅၄၂ ရွာ၊ မွန်ပြည်နယ်၌ ၅၃ ရွာ၊ ရခိုင်ပြည်နယ်တွင် ၁၁ ခု၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ၁၃၅ ရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ ရွာ ၈၀၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် သုံးရွာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာပေါင်း ၆၄၀၊ YESC မှ ၁၉၈ ရွာနှင့် MESC မှ ကျေးရွာပေါင်း ၃၈၀ ဖြင့် စုစုပေါင်း ၄၃၈၉ ရွာရှိကြောင်း ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မီးလင်းပြီးနှင့် မီးလင်းရန်ကျန်ရှိ မြို့နှင့် ကျေးရွာအရေအတွက် အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အား ရရှိမှုတွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်က မီးလင်းပြီး မြို့ပေါင်း ၃၁၉ နှင့်ကျေးရွာပေါင်း ၃၁၅၅၆ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး မြို့ပေါင်း ၃၄၆ နှင့် ကျေးရွာပေါင်း ၃၂၃၅၃ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး မြို့ပေါင်း ၃၆၄ နှင့် ကျေးရွာပေါင်း ၃၄၁၄၆ ရွာ ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး မြို့ပေါင်း ၃၇၈ နှင့် ကျေးရွာပေါင်း ၃၇၂၄၇ ရွာနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မီးလင်းပြီး မြို့ပေါင်း ၃၈၂ နှင့် ကျေးရွာပေါင်း ၄၇၈၀၅ ရွာရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြထားသည်။
မီးလင်းရန်ကျန်ရှိသည့် မြို့နှင့် ကျေးရွာများအနေဖြင့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၇၀ နှင့် ကျေးရွာပေါင်း ၃၁၇၀၈ ရွာ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၄၃ နှင့် ကျေးရွာပေါင်း ၃၀၉၁၁ ရွာ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၂၅ နှင့်ကျေးရွာပေါင်း ၂၉၁၁၈ ရွာ ၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၁၁ နှင့် ကျေးရွာပေါင်း၂၆၀၁၇ ရွာနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့ပေါင်း ၁၀၇ နှင့် ကျေးရွာပေါင်း ၁၅၄၅၉ ရွာရှိသည်။
အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားရရှိသည့် ရာခိုင်နှုန်းအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၇ ဒသမ ၇၇ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃၉ ဒသမ ၈၅ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၄၅ ဒသမ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၅၆ ဒသမ ၁၅ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၆၉ ဒသမ ၅၈ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားရရှိမှုအနေဖြင့် ရာခိုင်နှုန်း ၇၀ နီးပါးရှိလာမည်ဖြစ်ပြီး လျှပ်စစ်မီးလင်းရန် မြို့ပေါင်း ၁၀၇ မြို့နှင့် ကျေးရွာပေါင်း ၁၅၄၅၉ ရွာ ကျန်ရှိနေကြောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase-2 လုပ်ငန်းများတွင် ဓာတ်အားစနစ်မှ သုံးမိုင်အတွင်းရှိ စုစုပေါင်း ကျေးရွာ ၄၇၀၀ ရွာ၊ အိမ်ထောင်စုပေါင်း ၅၃၉၆၇၄ စုကို လျှပ်စစ်ဓာတ်အားရရှိရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase-2 ဆက်လက်ဆောင်ရွက်မည့် ကျေးရွာအရေအတွက်အနေဖြင့် ဓာတ်အားစနစ်မှ သုံးမိုင်အတွင်းရှိ စုစုပေါင်း ကျေးရွာ ၄၇၀၀ ရွာ၊ အိမ်ထောင်စုပေါင်း ၅၃၉၆၇၄ စု ပါဝင်သည်။
နှစ်အလိုက် လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုအခြေအနေတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ် နာရီ ၂၆၃၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၇၉ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
