မန္တလေးအရိုးဆေးရုံမှ ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်း ၁၀၀ ခန့်က တပ်မတော်၏ အာဏာသိမ်းမှုဖြစ်စဉ်အား ကန့်ကွက်ကြောင်း ဖဲကြိုးနီကမ်ပိန်းကို ယနေ့ (ဖေဖော်ဝါရီ ၃ ရက်) နံနက် ၉ နာရီခန့်က စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
"တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အာဏာသိမ်းခြင်းကို ဆန့်ကျင့်ကန့်ကွက်ပါသည်" ဟူသော စာသားပါ ဗီနိုင်းကိုင်ဆောင်ကာ ဆရာဝန်များက ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
"ဒီနေ့လုပ်ရတဲ့ ကမ်ပိန်းကတော့ ကျွန်တော်တို့ ပြည်သူ ဒီမိုကရေစီနည်းလမ်းကျ ရွေးချယ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို စစ်တပ်ကနေ လက်နက်အားကိုးပြီး အဓမ္မသိမ်းယူတဲ့အတွက် ကန့်ကွက်တာကို ပြသတဲ့ကမ်ပိန်းပါ။ ကျွန်တော်တို့ လူနာတွေကိုလည်း ပြန်ငဲ့ပါတယ်။ တစ်ချို့တစ်ဝက်လည်း ကျန်ခဲ့မယ်။ ဒီကနေ့ကတော့ ခွဲခန်းတွေရော ပိတ်၊ ပြင်ပလူနာတွေလည်း မရှိဘူး။ အားလုံးတော့ ရပ်ဆိုင်းသွားပြီ" ဟု ကမ်ပိန်းပြုလုပ်ရာတွင် ပါဝင်ခဲ့သူ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အရိုးဆေးရုံတွင် ဆက်လက် တာဝန်ထမ်းဆောင်သူများ ရှိသလို မထမ်းဆောင်တော့မည့် သူများလည်း ရှိနေပြီး ၎င်းတို့၏ ဆန္ဒသဘောထား ထုတ်ဖော်မှုအား တိုးမြှင့်တောင်းဆိုသွားမည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
