ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများတွင် တစ်ရက်လျှင် ကိုဗစ်ပိုး တွေ့သူ ၈၀၀ ကျော်ထိ ရှိလာကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC)မှ ကိုရဲမင်း၏ ပြောကြားချက်အရ သိရသည်။
မဟာချိုင်ဒေသရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကိုဗစ်ရောဂါ ရှိ မရှိ သွားရောက် စစ်ဆေးရာ၌ ယခုကဲ့သို့ ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း၊ ပိုးတွေ့သူများကို ဆေးရုံများသို့ မပို့ဆောင်ဘဲ စက်ရုံများရှိ အခန်းကျယ်ကြီးများတွင်သာ ခွဲထားကြောင်း ကိုရဲမင်းက ပြောကြားသည်။
“ပိုးတွေ့တာက မဟာချိုင်ဒေသရဲ့ တခြားနေရာတွေကို လိုက်စစ်တာပေါ့။ အလုပ်ရုံတွေလို့ ဘာတွေတို့ လိုက်စစ်တာပေါ့။ အဲဒီမှာ တစ်ရက်ထဲကို ပိုးတွေ့သူ ၈၀၀ ကျော် တွေ့တယ်။ ပိုးတွေ့သူ အရမ်းများသွားတယ်။ အဲဒီပိုးတွေ့တဲ့ မြန်မာအလုပ်သမားတွေကို ဆေးရုံမပို့ဘဲ အလုပ်ရုံထဲမှာပဲ ဆရာဝန် မရှိဘဲနဲ့ လူခွဲပြီးထားတယ်။ အခန်းကျယ်ကြီး တစ်ခုထဲမှာထားတဲ့ ဖြစ်စဉ်တွေ များလာတယ်”ဟု ကိုရဲမင်းက ပြောကြားသည်။
ယင်းအပြင် ပိုးတွေ့သည့် မြန်မာအလုပ်သမားများကို လိုင်းကားများ ပေးမစီးခြင်း၊ ကုန်တိုက်များသို့ ပေးမဝင်ခြင်းများ လုပ်ဆောင်ကြကြောင်း ကိုရဲမင်းက ဆက်လက် ပြောကြားသည်။
“အဲဒီပိုးကူးစက်မှု များလာတဲ့အပြင် ဘယ်သူမှ စျေးပေးမဝယ်တော့ဘူး။ လိုင်းကားတွေ မပေးစီးတော့ဘူး။ တချို့ကုန်တိုက်တွေ ပေးမဝင်တော့ဘူး။ အဲဒီလိုအခြေအနေထိ ဆိုးသွားတယ်။ စာတွေကပ်ပြီး ပြောင်ပြောင်တင်းတင်း လုပ်လာတယ်” ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင် တကျော့ပြန် ကိုဗစ်ပိုးကူးစက်မှုကြောင့် ယင်းဒေသရှိ ငါး၊ ပုဇွန် ရောင်းချသည့် စျေးများ၊ ထုတ်လုပ်သည့် အလုပ်ရုံများစွာ ပိတ်လိုက်ရသည့်အတွက် အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားများမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။
ထိုင်းနိုင်ငံ စမွန်ဆာခွန်ခရိုင်မှာ တကျော့ပြန် ကိုဗစ်ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ထိုင်းဝန်ကြီးချုပ်က မြန်မာ အပါအဝင် ရွှေ့ပြောင်း အလုပ်သမားများကို အပြစ်တင်ပြောဆိုခဲ့သည့်အပြင် ထိုင်းနိုင်ငံရှိ စက်ရုံပိုင်ရှင်များ ကလည်း မြန်မာအလုပ်သမားများကို စွန့်ပစ်မှုများ ရှိခဲ့သည်။
ဒီဇင်ဘာ ၁၃ ရက်တွင် စမွတ်ဆာခွန်ခရိုင်ရှိ ပုစွန်စျေးကြီး၌ အသက် ၆၈ နှစ်အရွယ် ထိုင်းနိုင်ငံသူ တစ်ဦးသည် စတင်ဖျားနာပြီး စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များက အဆိုပါဒေသတွင် ရောဂါစစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်ပြီး မဟာချိုင်ဒေသကို ဒီဇင်ဘာ ၂၁ ရက်က စတင်၍ Lockdown ချလိုက်ကြောင်း သိရသည်။
စမွတ်စခွန်ခရိုင်အတွင်း COVID-19 ရောဂါကူးစက်မှု ထိန်းချုပ် ကန့်သတ်နိုင်ရေးအတွက် နိုင်ငံခြားသား အလုပ်သမားများအနေဖြင့် ဒီဇင်ဘာ ၂၁ ရက်မှစတင်၍ ခရိုင်အတွင်း ဝင်၊ ထွက်သွားလာမှု မပြုရန် အမိန့်ကြေညာချက်အရ ဝင်၊ ထွက်ခွင့် ကန့်သတ်ထားခဲ့သည်။
ဇန်နဝါရီ ၄ ရက်တွင် ကိုဗစ်ကူးစက် ခံရသည့် မြန်မာလုပ်သား ၃၀ ကျော်ကို ဆေးရုံတွင် မထားတော့ဘဲ COVID-19 ချထားသည့်ဝန်းတွင် ပြန်လည်လာရောက် ထားသောကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် တကျော့ပြန် ဖြစ်ပွားနေသည့် ကိုဗစ်ရောဂါပျံ့နှံ့မှုသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံး နေထိုင်သည့် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် စတင်ပျံ့နှံ့နေကြောင်း သိရသည်။
မဟာချိုင်ဒေသသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများစုနေထိုင်ပြီး ၁၀ ရာခိုင်နှုန်းသာ ထိုင်းလူမျိုးများ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
