ဘုရင့်နောင် ကုန်စည်ဒိုင်သို့ နယ်ပေါင်းစုံမှ အခြေခံစားသောက်ကုန်များ ပုံမှန် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ် ပြုလုပ်နေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ဖေဖော်ဝါရီ ၂ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ကုန်စည်ဒိုင်က မပိတ်ပါဘူး။ ဖွင့်ပါတယ်။ ကျွန်တော်တို့ Page မှာ စျေးနှုန်းတွေ တင်ပေးပါမယ်။ ကြက်သွန်နီကတော့ စျေးနည်းနည်း ပြန်တက်တယ်။ အရင်က တစ်ပိဿာကို ၁၅၀၊ ၂၀၀၊ ၃၀၀ လောက် ကျသွားတာကနေ ဒီနေ့ (ဖေဖော်ဝါရီ ၂ ရက်) ဆိုရင် တစ်ပိဿာကို ၃၀၀၊ ၄၀၀ လောက်အထိ တက်သွားတယ်။ ကုန်အဝင်ကတော့ မနေ့ က ကားအစီးရေ ၅၀၊ ဒီနေ့တော့ ကား ၂၅ စီး ကုန်အဝင် ရှိပါတယ်။ ပုံမှန်ကတော့ တစ်နေ့ ကို ကားအစီး ၃၀၊ ၄၀ လောက်ဝင်ပါတယ်။ အဲဒီအတွက် ဘုရင့်နောင်ကုန်စည်ဒိုင်က ပုံမှန်ဖွင့်လှစ်ပြီး အရောင်းအဝယ် ပြုလုပ်နေပါတယ်”ဟု ဘုရင့်နောင်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ထုတ်ပြန်ချက်အရ ပြည်တွင်း ပဲစျေးနှုန်းအနေဖြင့် မတ်ပဲ (FAQ/RC ) (2020 Crop) တစ်တန်လျှင် ကျပ် ၉၂၂၅၀၀ ၊ မတ်ပဲ (SQ/RC ) (2020 Crop) တစ်တန်လျှင် ကျပ် ၁၀၉၂၅၀၀၊ ပဲစင်းငုံ (RED/RC ) (2021 Crop) တစ်တန်လျှင် ကျပ် ၈၁၂၅၀၀ ကျပ်စျေးရှိခဲ့သည်။
ကြက်သွန်နီ စျေးနှုန်းများအနေဖြင့် ဆိတ်ဖြူရှယ် (သစ်) တစ်ပိဿာလျှင် ကျပ် ၄၀၀၊ ဆိတ်ဖြူလတ်ကြီးနှင့် လတ်သန့်တစ် ပိဿာလျှင် ကျပ် ၄၀၀၊ ဆိတ်ဖြူလတ်ချော တစ်ပိဿာလျှင် ကျပ် ၃၀၀၊ မြစ်သားရှယ် (သစ် ) တစ်ပိဿာလျှင် ၆၂၅ ကျပ်၊ မြစ်သား လတ်ကြီး တစ်ပိဿာလျှင် ကျပ် ၇၀၀၊ မြစ် သားလတ်သန့် တစ်ပိဿာလျှင် ကျပ် ၆၅၀၊ မြစ်သားလတ်ချော တစ်ပိဿာလျှင် ကျပ် ၅၅၀ ရှိသည်။ ကြက်သွန်ဖြူအနေဖြင့် ကြူ ကုတ်ရှယ် တစ်ပိဿာလျှင် ကျပ် ၂၂၅၀၊ အောင်ပန်းထူး-၂ တစ်ပိဿာလျှင် ကျပ် ၂၄၀၀၊ အောင်ပန်းထူး-၃ တစ်ပိဿာလျှင် ကျပ် ၂၆၀၀၊ အောင်ပန်းထူး-၄ တစ်ပိဿာ လျှင် ကျပ် ၂၈၀၀ နှင့် အောင်ပန်းထူး-၅ တစ် ပိဿာလျှင် ကျပ် ၃၀၀၀ စျေးရှိခဲ့သည်။
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၃၀ ရက်တွင် ပြည်တွင်း စျေးနှုန်းများအနေဖြင့် မတ်ပဲ (FAQ/RC) (2020 Crop) တစ်တန် ကျပ် ၉၄၂၅၀၀၊ မတ်ပဲ (SQ/RC) (2020 Crop) တစ်တန်လျှင် ကျပ် ၁၁၁၂၅၀၀၊ ပဲစင်းငုံ (RED/RC) (2021 Crop) တစ်တန်လျှင် ကျပ် ၇၆၉၀၀၀ တို့ ဖြစ်သည်။
ကြက်သွန်နီဆိတ်ဖြူရှယ် (သစ်) တစ် ပိဿာလျှင် ကျပ် ၃၅၀၊ ဆိတ်ဖြူလတ်ချော တစ်ပိဿာလျှင် ကျပ် ၁၅၀၊ မြစ်သားရှယ် (သစ်) တစ်ပိဿာလျှင် ကျပ် ၅၅၀၊ မြစ်သား လတ်ချော တစ်ပိဿာလျှင် ကျပ် ၄၅၀ ရှိ သည်။ ကြက်သွန်ဖြူအနေဖြင့် ကြူကုတ်ရှယ် တစ်ပိဿာလျှင် ကျပ် ၂၂၀၀၊ ကြူကုတ်လတ် တစ်ပိဿာလျှင် ကျပ် ၂၁၅၀၊ အောင်ပန်းထူး -၂ တစ်ပိဿာလျှင် ကျပ် ၂၁၀၀၊ အောင်ပန်း ထူး-၃ တစ်ပိဿာလျှင် ကျပ် ၂၃၀၀၊ အောင် ပန်းထူး-၅ တစ်ပိဿာလျှင် ကျပ် ၂၇၀၀ စျေး ရှိခဲ့သည်။
အဆိုပါ စျေးနှုန်းများကို နှိုင်းယှဉ်ကြည့်ပါက ရက်ပိုင်းအတွင်း ကြက်သွန်နီစျေးနှုန်းတွင် ဆိတ်ဖြူရှယ် (သစ်) တစ်ပိဿာလျှင် ဇန်နဝါရီ ၃၀ ရက်က ကျပ် ၃၅၀ သာ ရှိခဲ့သော်လည်း ဖေဖော်ဝါရီ ၂ ရက်တွင် တစ်ပိဿာ လျှင် ကျပ် ၄၀၀ စျေး ရှိလာခဲ့သည်။ ကြက်သွန်ဖြူစျေးနှုန်းအနေဖြင့် အောင်ပန်းထူး -၂ တစ်ပိဿာလျှင် ယခင်ရက်က ကျပ် ၂၁၀၀ သာ ရှိသော်လည်း ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၂၄၀၀ စျေးအထိ ရှိလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
