Top News

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားလိုင်း အပြစ်ဖြစ်ခြင်း၊ ဓာတ်အားခွဲရုံ အပြစ်ဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာပါကလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ရရှိရေး စီစဉ်ထားဟုဆို
24htopnews | October 22, 2024 12:12 AM CST

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားလိုင်း အပြစ်ဖြစ်ခြင်း၊ ဓာတ်အားခွဲရုံ အပြစ်ဖြစ်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာပါကလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ရရှိရေး စီစဉ်ထားကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က ထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း  ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေဘဲ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဓာတ်အားလိုင်း အပြစ်ဖြစ်ခြင်း၊ ဓာတ်အားခွဲရုံ အပြစ်ဖြစ်ခြင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် လျှပ်စစ်ဓာတ်အား  ပြတ်တောက်မှု ဖြစ်ပေါ်လာပါကလည်း အမြန်ဆုံး ဓာတ်အားပြန်လည် ရရှိရေးကို စီစဉ် ဆောင်ရွက်ထားရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Solar Power Plant စီမံကိန်း ၂၉ ခုတွင် စုစုပေါင်း တပ်ဆင်အင်အား မဂ္ဂါဝပ် ၁၀၃၀ ကို ယခုနှစ်လယ်ပိုင်းတွင် ဓာတ်အား ထုတ်လုပ်နိုင်ရန် စီမံထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 ပထမဆုံးသော Solar Power Plant (40 MW) ကို မင်းဘူးတွင် ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်၌ လည်းကောင်း၊ မာန်အောင်ကျွန်း Solar Power Plant (0.5 MW) ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ကိုကိုးကျွန်းတွင် Solar Power Plant (0.5 MW) မှ ဓာတ်အားများကိုလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှစတင်ပြီး ၂၄ နာရီ ခုနစ်ရက်ပတ်လုံး ဖြန့်ဖြူးပေးနေပြီ ဖြစ်ပါကြောင်း၊ Renewable Energy ဖြစ်သည့် Solar Power Plant စီမံကိန်းများကို နေရာ ၂၉ ခုတွင် စုစုပေါင်း တပ်ဆင်အင်အား  မဂ္ဂါဝပ် ၁၀၃၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ရာ ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင် ဓာတ်အား ထုတ်လုပ်နိုင်ရန် စီမံထားရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့ သိသာများပြားသည့် Solar Power ပမာဏများကို ဆောင်ရွက်ပြီးစီးပါက ယင်းအချိန်တွင် မြန်မာနိုင်ငံ၏ Generation Mix ၌ ရေအား ၄၀  ရာခိုင်နှုန်း၊ နေစွမ်းအင် ၁၄ ရာခိုင်နှုန်း၊ ပြည်တွင်း မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ သုံးရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့အရည် (LNG) ၁၁ ရာခိုင်နှုန်းနှင့် အခြား တစ်ရာခိုင်နှုန်းတို့ ပါဝင်လာမည် ဖြစ်ပါကြောင်း၊ စုစုပေါင်း စက်တပ်ဆင် အင်အား ၈၁၁၈ မဂ္ဂါဝပ် ဖြစ်လာမည့်အချိန်တွင် Renewable Energy မှ ၅၄ ရာခိုင်နှုန်း၊ သန့်ရှင်းသည့် လောင်စာ (Clean Fuel) မှ ၄၅ ရာခိုင်နှုန်းအချိုးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ၏ Renewable Energy နှင့် Climate Change ဆိုင်ရာ မူဝါဒများကို လိုက်နာဆောင်ရွက်နိုင် ခဲ့ပြီး အာဆီယံ၏ Renewable Energy ဆိုင်ရာ မျှော်မှန်းချက်များကို ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းပင် ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် လတ်တလော အကျိုးအမြတ်အနေဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုအချိုး (Electrification Ratio) ၅၈ ရာခိုင်နှုန်းကျော် ရရှိနေပြီဖြစ်ပြီး အမျိုးသားရေး ရည်မှန်းချက် ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိရန်အတွက် Renewable Energy ကဏ္ဍကို အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် မတ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ လျှပ်စစ်ဓာတ်အားရရှိမှု ၁၀၀ ရာခိုင်နှုန်းနှင့်  မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားရရှိမှု ၇၅ ရာခိုင်နှုန်း ရှိမည် ဖြစ်ပါကြောင်း၊ ထိုနေ့က အစည်းအဝေးတွင် အထောက်အကူပြု လုပ်ငန်းအဖွဲ့များ (Working Group) ရှစ်ခု၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းအစီအစဉ်များနှင့် အနာဂတ်စီမံချက်များကို NREC အဖွဲ့ဝင်များသို့ တင်ပြမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။


READ NEXT
Cancel OK