COVID-19 ကာကွယ်ဆေး အလုံအလောက်ရရှိရန် အခြေအနေမပေးသည့် ကာလဖြစ်ရာ အခြားနိုင်ငံများနည်းတူ WHO SAGE နည်းပညာအဖွဲ့က ထုတ်ပြန်သော အချက်များနှင့် ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ဦးစားပေးလူအုပ်စုများကို ရွေးချယ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော ကျန်းမာရေး ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ် သင်ရိုးညွှန်းတမ်းတွင် ဖော်ပြထားသည်။
COVID-19 ကာကွယ်ဆေး အလုံအလောက်ရရှိရန် အခြေအနေမပေးသည့် ကာလဖြစ်ရာ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး SAGE နည်းပညာအဖွဲ့က ထုတ်ပြန်ထားသော Roadmap for prioritizing uses of COVID-19 vaccines in the context of limited supply နှင့် နိုင်ငံတွင်း COVID-19 ဖြစ်ပွားမှု အခြေအနေများကို အခြေအနေပေါ် မူတည်၍ ဦးစားပေးလူ အုပ်စုများကို ရွေးချယ်ထားကြောင်းနှင့် COVID-19 ကာကွယ်ဆေးထိုးရန် ဦးစားပေးအုပ်စုများ ရွေးချယ်ထားသော်လည်း ကာကွယ်ဆေး ရရှိသည့်အချိန်တွင် ထပ်မံဆန်းစစ်၍ အလွန်အဖြစ်နည်းသည့် နေရာများကို ပထမ ဦးစားပေးအဆင့်တွင် မစဉ်းစားသေးဘဲ ရောဂါကူးစက်မှု မြင့်မားနေသည့် တိုင်းဒေသကြီး/ပြည်နယ်၊ လူအုပ်စုများကို ဦးစားပေး၍ ကာကွယ်ဆေးထိုးနှံခြင်း စီမံချက်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရသည်။
COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဦးစားပေး ရွေးချယ်သောအုပ်စုနှင့် ရရှိမည့် ကာကွယ်ဆေး အရေအတွက်ပေါ် မူတည်၍ ကာကွယ်ဆေးထိုး အစီအစဉ်ကို လစဉ် ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
COVAX အဖွဲ့ထံမှ ခွဲတမ်းဖြင့်ရရှိမည့် COVID-19 ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ မတ်လအတွင်း ရောက်ရှိမည်ဖြစ်ပြီး လက်ရှိအဖွဲ့ဝင် နိုင်ငံပေါင်း ၄၆ နိုင်ငံကို Pfizer ကာကွယ်ဆေးများ ဖြန့်ဖြူးနေပြီ ဖြစ်ကြောင်း သိရသည်။
COVAX အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံသည် ဖွွံ့ဖြိုးမှုအလယ်အလတ်နှင့် ဖွံ့ဖြိုးမှုလိုအပ်သည့် တိုင်းပြည် ၉၂ နိုင်ငံတွင် ပါဝင်ကြောင်း၊ လက်ရှိ COVAX အဖွဲ့က တိုင်းပြည် ၄၆ နိုင်ငံကို Pfizer ကာကွယ်ဆေးများ ဖြန့်ဖြူးလျက်ရှိပြီး ယင်းတို့အနက် ဖွံ့ဖြိုးပြီး တိုင်းပြည် ၃၆ နိုင်ငံနှင့် ဖွံ့ဖြိုးမှု အလယ်အလတ်ရှိ တိုင်းပြည် ခြောက်နိုင်ငံ ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ယခုနှစ် မတ်လအတွင်း ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
COVID-19 ကာကွယ်ဆေး ရရှိရေးအတွက် ရန်ပုံငွေ ထည့်ဝင်ထားသည့် COVAX Facility အဖွဲ့၏ ကာကွယ်ဆေးများ ယခုနှစ်စမှ ရက် ၁၀၀ အတွင်း ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“ COVAX အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့ COVAX အဖွဲ့ဝင်နိုင်ငံတွေကနေ ရမယ့် ကာကွယ်ဆေးသည် ဘယ်ကာကွယ်ဆေး ဖြစ်မလဲဆိုတာတော့ အခုလောလောဆယ်အရတော့ WHO ကနေ သူတို့ရဲ့ အရေးပေါ်အသုံးပြုခွင့် List ထဲမှာ ပါဝင်တဲ့ ကာကွယ်ဆေးသည် Pfizer နဲ့ BioN Tech က ထုတ်တဲ့ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။ Oxford ကာကွယ်ဆေးတွေ ဒါတွေကိုလည်း အရေးပေါ်အသုံးပြုခွင့် List ထဲ ပါဝင်ဖို့အတွက် အထောက်အထား အချက်အလက်တွေ လာတင်ဖို့အတွက် WHO က ဖိတ်ခေါ် ထားတာ ရှိပါတယ်။ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားတဲ့ မိန့်ခွန်းမှာလည်းပဲ ၂၀၂၁ ရက် ၁၀၀ စီမံကိန်းဆိုတာ ရှိပါတယ်။ ရက် ၁၀၀ ဆိုတာ ဒီ ၂၀၂၁ ရက် ၁၀၀ အတွင်းပေါ့။ ရက် ၁၀၀ အတွင်းကို ရှင်းရှင်းပြောရရင် ဧပြီ ၁၀ ရက် အထိပေါ့နော်။ ရက် ၁၀၀ အတွင်းမှာပဲ Covax အဖွဲ့ဝင် နိုင်ငံတွေကို ကာကွယ်ဆေးတွေ ပေးပို့ဖို့ လုပ်သွားမယ်လို့ ပြောထားတာ ရှိပါတယ်။ တိတိကျကျ ပြောမယ်ဆိုရင် ရက် ၁၀၀ ပေမယ်လို့ ဧပြီ ၁၀ ရက်အထိ မရောက်ပါဘူး။ ဧပြီ ၇ ရက် ကမ္ဘာ့ကျန်းမာရေးနေ့ မတိုင်ခင်မှာ ဆေးထိုးနှံမှုတွေ လုပ်ဆောင်သွားမယ်ဆိုတာ Media Conference မှာ ပြောထားပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၂၁ သုံးလပိုင်း ရက် ၁၀၀ အတွင်းမှာတော့ ကာကွယ်ဆေးတွေ ရောက်ရှိမှာ ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
