ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပြည်တွင်းနှင့် ပြည်ပ ကယ်ဆယ်ရေး လေကြောင်းခရီးစဉ်များ ပြန်လည်ဆင်းသက်နိုင်ရန် ဖေဖော်ဝါရီ ၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ စုံစမ်းသိရှိရသည်။
မူလက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်တွင်းပြည်ပ လေယာဉ်များ ဆင်းသက်ပျံသန်းခွင့်အား ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက် အထိ ရပ်ဆိုင်းကြောင်း NOTAMs (Notice Airmen) ထုတ်ပြန်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
'' ဖေဖော်ဝါရီ ၄ ရက်ကစပြီး ရန်ကုန်လေဆိပ်မှာ ပြည်တွင်းခရီးစဉ်တွေ အားလုံးနဲ့ ပြည်ပ ကယ်ဆယ်ရေး လေယာဉ်၊ အထူးလေယာဉ်တွေ ဆင်းသက်နိုင်အောင် ပြန်လည်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ ပြည်ပကတော့ ခရီးသည်တင် လေယာဉ်တွေ မပါသေးဘဲ ကယ်ဆယ်ရေး လေယာဉ်တွေပဲ ဆင်းသက်နိုင်မယ်လို့ သိရပါတယ်" ဟု ပြည်တွင်းလေကြောင်းလိုင်းတစ်ခုမှ လေယာဉ်မှူးကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။
COVID-19 ရောဂါကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည့်ကာလတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုန်စည်သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။
COVID-19 ရောဂါကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းထားသည့် ကာလတွင် IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေး ခရီးစဉ်သည် အကြိမ်ရေ ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံ၏မြို့တော် ကာလကတ္တားနှင့် ရန်ကုန်မြို့အား ချိတ်ဆက်ပျံသန်းနေသည့် IndiGo လေကြောင်းလိုင်း၏ ကုန်စည်သယ်ယူပို့ဆောင်ရေးလေယာဉ်ခရီးစဉ် (non scheduled charter flights) ကို ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်မှစ၍ ပျံသန်းပြေးဆွဲခဲ့ပြီး၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အခြေခံ လူသုံးကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
လေကြောင်းခရီးသွားလာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား ၂၀၂၁ ခုနှစ်နှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်များအရ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ၂၀၂၀ ပြည့်နှစ် မတ် ၃၀ မှစတင်ပြီး ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
