ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား Relief Flight/ရေယာဉ်များဖြင့် ထပ်မံတိုးမြှင့် ခေါ်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ဖေဖော်ဝါရီ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် နိုင်ငံသားများအား Relif Flight ခေါ်ယူပေးလျက် ရှိသော်လည်း အရေအတွက် နည်းပါးမှုကြောင့် ပြန်လည်ဝင်ရောက်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
COVID-19 ကြောင့် ပြည်ပသို့ ကာလရှည်ကြာစွာ ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပတွင် ဒုက္ခခံ၍နေထိုင်ရမည့်အစား မြန်မာနိုင်ငံသို့ ပြန်လာနိုင်ခြင်းက ပိုမိုသင့်မြတ် ကောင်းမွန်မည် ဖြစ်ကြောင်း ဗဟိုကော်မတီက သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ပနိုင်ငံများသို့ တရားဝင်ဖြစ်စေ၊ တရားမဝင် နည်းလမ်းဖြင့်ဖြစ်စေ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ Relief Flight/ ရေယာဉ်များဖြင့် ထပ်မံတိုးမြှင့် ခေါ်ဆောင်နိုင်ရေး ဆောလျင်စွာ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
