ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်ရှိ ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာခွဲ(၄)ရွာတွင် အောက်တိုဘာ (၂၀)ရက်က နေအိမ် (၅)လုံး ပြိုကျပျက်စီးခဲ့ရပြီး (၂၂)လုံး အမိုးလန်ပျက်စီးခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာနှင့် ကျွန်းထိပ်ကုက္ကိုတန်း ကျေးရွာတို့တွင် အောက်တိုဘာ (၂၀)ရက်က နေအိမ်(၄)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ နတ်စဉ်ကျေးရွာအုပ်စု၊ နတ်စဉ်ကျေးရွာတွင် နေအိမ် (၁)လုံး ပြိုကျပျက်စီးပြီး နေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်း အမိုးလန်ပျက်စီးမှုနှင့် ပေကုန်းကျေးရွာအုပ်စု၊ ဆင်ကူးရွာမကျေးရွာတွင် နေအိမ် (၁၂)လုံး အမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်း ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာခွဲ(၄)ရွာတွင် နေအိမ် (၂၇)လုံး ပြိုကျပျက်စီးနှင့် အမိုးလန်ပျက်စီးခဲ့ရကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်နှင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင် နေကြောင်း သိရသည်။
အဆိုပါ ပြိုကျပျက်စီခဲ့ရသည့် နေအိမ်များအတွက် ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ နေအိမ်များ ပြန်လည်ဆောက်လုပ် နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ေ-သဆုံးမှု မရှိကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းဆဲလ်နှင့် လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ဖြင့် မုန်တိုင်းဖြစ်ပေါ်နေသောကြောင့် ယနေ့ အောက်တိုဘာ (၂၁)ရက် နံနက်ပိုင်းမှ အောက်တိုဘာ (၂၄)ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၁၂)ခုတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ထားပြီး ဧရာဝတီတိုင်းဒေသကြီးလည်း ပါဝင်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
