ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဆားကျင်းကျေးရွာတွင် ယနေ့ အောက်တိုဘာ (၂၁) ရက်၊ နံနက် (၇) နာရီကျော်ခန့်က လေပြင်းတိုက်ခတ်ခြင်း၊ ဒီရေမြင့်တက်ခြင်းတို့ကြောင့် နေအိမ် (၃)လုံး ရေစီးဖြင့် မျောပါခဲ့ရကာ နေအိမ် (၁)လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာရှိ အလျားပေ(၂၀)၊ အနံ(၁၂)ပေရှိ သွပ်မိုး၊ အုတ်ကာနေအိမ် တစ်စိတ်တစ်ပိုင်း ပျက်စီးပြီး၊ အလျား(၁၀)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း၊ အလျား(၁၀)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနှင့် အလျား(၁၀)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျ ဉ်ခင်း နေအိမ်(၃)လုံး ရေစီးဖြင့်မျောပါ ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်းနှင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက နီးစပ်ရာဆွေမျိုးများထံသို့ ခေတ္တပို့ဆောင် ပေးထားကြောင်း သိရသည်။
ထို့နောက် ပျက်စီးသွားသော အိမ်ထောင်စုများအား ကူညီထောက်ပံ့နိုင်ရေး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ အောက်တိုဘာ (၂၀)ရက်ကလည်း မအူပင်မြို့နယ် ကျေးရွာအုပ်စု (၃)အုပ်စု၊ ကျေးရွာခွဲ(၄)ရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၅)လုံး ပြိုကျပျက်စီးခဲ့ရပြီး (၂၂)လုံး အမိုးလန်ပျက်စီးခဲ့ရကြောင်း ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များထံမှ သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
