ဧရာဝတီမြစ်ရေ အပါအဝင် နိုင်ငံတစ်ဝန်းရှိ မြစ်ရေများ ယခုလ တတိယ(၁၀)ရက်ပတ်(အောက်တိုဘာ(၂၁) ရက်မှ (၃၀) ရက်အတွင်း နောက်တစ်ကြိမ်မြင့်တက်လာနိုင်ကြောင်း ယနေ့ နံနက်ပိုင်းတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဉီးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ ၊ ဗန်းမော်မြို့ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် (၂) ပေမှ (၃) ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ ၊ ပြည် ၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန် မြို့တို့တွင် (၄)ပေမှ (၆) ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း ဆိုသ ည်။
အလားတူ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့ ၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်မြို့တို့တွင် (၂)ပေမှ(၃) ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ ကလေးဝ ၊ မင်းကင်း၊ ကနီ၊ မုံရွာမြို့တို့တွင် (၃)ပေမှ (၄)ပေခန့်လက်ရှိ ရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း သိရသည်။
ထို့အတူ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁)ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ပေဝက်ခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင်(၁)ပေမှ (၁)ခွဲခန့် ၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ပေခန့်၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် ပေဝက်မှ (၁)ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် ဒုဌဝတီမြစ်ရေသည် သီပေါမြို့၊ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ပေဝက်မှ(၁)ခွဲခန့် ၊ ငဝန်မြစ်ရေ ငသိုင်းချောင်းမြို့တွင် (၃)ပေခွဲခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂) ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
