ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြိုနယ် တာဝတိံသာစေတီတော်သစ်ကြီး ပြန်လည် တည်ထားကိုးကွယ်ရန် (၁၃)ကြိမ်မြောက် အလှူငွေပေးအပ်ပွဲအထိ ကျပ်သိန်းပေါင်း(၆၈၁၉)သိန်းကျော် ရရှိခဲ့ပြီး စေတီတော်သစ်ကြီး တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စင်္ကြံာစေတီတော်ဝန်းအတွင်းမှ ဘိုကလေးမြို့နယ်၏ အထင်ကရ စေတီတော် တာဝတိံသာ စေတီတော်မြတ်ကြီးကို ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။
ထိိုသို့ တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာ အားနည်းခြင်းတိုကြောင့် ၂၀၂၂ ခုနှစ် ဧပြီ(၂၉)ရက်၊ နံနက်(၂) နာရီခွဲခန့်က စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုကျပျက်စီးခဲ့သော တာဝတိံသာစေတီတော်မြတ်ကြီးအား အသစ်တစ်ဖန်ပြန်လည် တည်ထားနိုင်ရေး ဆရာတော်၊ သံယာတော်များ၊ သာသနာ့အနွယ်ဝင် ဘုရားဒါယ ကာ/မများမှ အလှူတော်ငွေများ ဝိုင်းဝန်း ထည့်ဝင် လှူဒါန်းထားကြရာ အောက်တိုဘာ (၂၀)ရက်တွင် (၁၃)ကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်းပွဲ အထိ ကျပ်သိန်းပေါင်း (၆၈၁ ၉)သိန်းကျော် ရရှိထားကြောင်း သိရသည်။
၎င်းအလှူငွေများအနက်မှ စေတီတော်မြတ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် မြေသားစမ်းသပ်ခြင်းလုပ်ငန်း၊ တည်ဆောက်မည့် မြေနေရာအား သဲမြေဖို့ခြင်းလုပ်ငန်း၊ စေတီတော်ဟောင်းအား ဖျက်သိမ်းခြင်းလုပ်ငန်း၊ ဘိုးပိုင်အလုံး (၂၀)တူးခြင်းလုပ်ငန်း၊ သံခြင်းယက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်တွင် (၇၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တည်ဆောက်ရေးကော်မတီမှ သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
