စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်များနှင့်ပို့ကုန်များတိုးမြှင့်လာရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၄)တွင် ထည့်သွင်း မှာကြားခဲ့ခြင်းဖြစ်သည်။
မိမိတို့အနေဖြင့် နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့၍ နိုင်ငံ့စီးပွားရေးမှာပြန်လည်ဦး မော့လာခဲ့သော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုးတက်မှုအားနည်းနေဆဲဖြစ်သည်ဟု ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိုက်သင့်သ လောက်တိုးတက်မှုမရှိသေး၍ ပန်းတိုင်ရည်မှန်း ချက်များပြည့်မီစေရန် တိုင်းနှင့်ပြည်နယ်အလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဟု မှာကြားသည်။
” ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မယ်ဆိုရင် သူနဲ့ဆက်စပ်နေတဲ့ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းတွေပါ တိုးတက်လာပြီး နိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းမြင့်မားလာမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအောင်မြင်စွာဆောင်ရွက်နေသည့် ပြည်ပနိုင်ငံများ၏နည်း စနစ်များကိုလည်း လေ့လာအတုယူဆောင်ရွက်ရမည်ဖြစ်ကာ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် မိမိတို့တွင်ရှိသည့် အခြေခံကောင်းများကို ကောင်းစွာအသုံးချနိုင်ခြင်းသည် နိုင်ငံ၏အားပင်ဖြစ်သည်ဟု ပြောသည်။
” စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အောင်မြင်အောင်ဆောင်ရွက်ပြီး ထုတ်ကုန်တွေနဲ့ပို့ကုန်တွေ တိုးမြှင့်လာအောင်ဆောင်ရွက်ပြီး ကမ္ဘာပေါ်မှာ စားရေရိက္ခာထုတ်လုပ်တဲ့နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ဖို့လိုပါတယ်။ စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်ပြီး စနစ်တကျဆောင်ရွက်သွားမယ်ဆိုရင် စားသောက်ကုန်များစွာထုတ်လုပ်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ပြင် မွေးမြူရေးလုပ်ငန်းများ၌ ဒေသန္တရမွေးမြူခြင်းထက် လှောင်၍မွေးမြူပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး လူသားအရင်းအမြစ် များမွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးမွေးမြူရေးနှင့်စက်မှုအခြေခံသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟု ပြောသည်။
ထို့အတူ MSME လုပ်ငန်းများတွင် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကိုသာ အဓိကဦးစားပေးဆောင်ရွက်လျက်ရှိ၍ နိုင်ငံတွင်းရှိ အခြား ပြည့်ဖြိုးမြဲအခြေခံသယံဇာတများမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်းများကိုလည်း အားပေးဆောင်ရွက်ကြစေလိုသည်ဟု နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
