ဂြိုဟ်သိမ်ဂြိုဟ်မွှားနမူနာများကိုရယူသည့် နာဆာ၏ပထမဆုံးအာကာသယာဉ်သည် အမေရိကန်ကိုပြန်လာမည်ဖြစ်ရာ အာ ကာသယာဉ်သည် အန္တရာယ်များသော နောက်ဆုံးအဆင့်ကို ရောက်လာသည်ဟု သိရသည်။
အာကာသယာဉ်သည် စက်တင်ဘာ ၂၄ ရက်တွင် ယူတာပြည်နယ်ရှိ ကန္တာရထဲကို ဆင်းသက်မည်ဖြစ်သည်။ အာကာသယာဉ် ယူဆောင်လာသော ဂြိုဟ်သိမ်ပေါ်ကနမူနာများသည် နေအဖွဲ့အစည်းဖြစ်ပေါ်လာပုံနှင့် ကမ္ဘာသည် မှီတင်းနေထိုင်ရာနေရာဖြစ်လာပုံတို့နှင့်ပတ်သက်၍ လူသားတို့ကို ပိုမိုနားလည်စေလိမ့်မည်ဟု သိပ္ပံပညာရှင်များက မျှော်မှန်းထားသည်။
၂၀၁၆ ခုနှစ်တွင် လွှတ်တင်လိုက်သော အမေရိကန်အာကာသယာဉ် Osiris-Rex သည် ဘင်နူဟုခေါ်သည့် ဂြိုဟ်သိမ်တစ်ခုမှနမူနာများကို လွန်ခဲ့သောသုံးနှစ်ခန့်တွင် ရယူခဲ့သည်။ အာကာသယာဉ် ဆင်းသက်မှုသည် စက်တင်ဘာ ၂၄ ရက် ဒေသစံတော်ချိန်နံနက် ၉ နာရီဝန်းကျင်တွင် အမေရိကန်အနောက်ပိုင်းပြည်နယ် ယူတာရှိ စစ်ဘက်စမ်းသပ်ရာ နေရာ၌ ဖြစ်လာမည်ဖြစ်သည်။
မဆင်းသက်မီ လေးနာရီခန့်အလိုတွင် ကမ္ဘာမှ ၆၇,၀၀၀ မိုင်(ကီလိုမီတာ ၁၀၈,၀၀၀) အကွာတွင်ရှိနေမည့် Osiris-Rex သည် နမူနာများထည့်ထားသော အာကာသယာဉ်ငယ်လေးကို လွှတ်ထုတ်ပေးလိမ့်မည်ဖြစ်သည်။
နောက်ဆုံး ဆင်းသက်ချိန်သည် ၁၃ မိနစ်ကြာမြင့်မည်ဖြစ်ပြီး အာကာသယာဉ်ငယ်လေးသည် တစ်နာရီ ၂၇,၀၀၀ မိုင်နှုန်း (ကီလိုမီတာ ၄၃,၀၀၀)ဖြင့် ကမ္ဘာ့လေထုထဲကို ဝင်ရောက်လာမည်ဖြစ်ပြီး အမြင့်ဆုံးအပူချိန်သည် ၅,၀၀၀ ဒီဂရီဖာရင်ဟိုက်( ၂,၈၀၀ ဒီဂရီဆဲလ်စီယပ်)အထိ ရှိလာမည်ဟု နာဆာက ပြောကြားသည်။
စီစဉ်ထားသည့်အတိုင်းဖြစ်လာမည်ဆိုပါက လေထီးနှစ်ဆင့်ပွင့်မည်ဖြစ်ကာ အာကာသယာဉ်ငယ်လေးသည် ကန္တာရကြမ်းပြင်ပေါ်ကို ညင်ညင်သာသာ ဆင်းသက်လာမည်ဖြစ်ပြီး ကြိုတင်နေရာယူထားသည့် နာဆာဝန်ထမ်းများက အာကာသယာဉ်ငယ်ကို သယ်ဆောင်ကြမည်ဖြစ်သည်။
“စတုရန်းမိုင် ၂၅၀(စတုရန်းကီလိုမီတာ ၆၅၀)ရှိတဲ့ ပစ်မှတ်ဧရိယာကို ထိမှန်တာဟာ ဘတ်စကက်ဘောကွင်းတစ်ခုစာလောက်ရှိတဲ့နေရာကို မြှားတစ်စင်းပစ်လိုက်တာနဲ့ တူနေပါမယ်။ မြှားက စက်ကွင်း ချက်မကို ထိမှန်သလိုဖြစ်နေပါမယ်”ဟု နာဆာရှိ Osiris-Rex စီမံချက်မန်နေဂျာ ရစ်ချ်ဘန်းက လွန်ခဲ့သောလတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြေပြင်ကို မဆင်းသက်မီ တစ်ညအလိုတွင် အခြေအနေများသည် မှန်မှန်ကန်ကန်ဖြစ်မလာပါက အာကာသယာဉ်ထိန်းချုပ် သူများသည်ဆင်းသက်မည့်အစီအစဉ်ကို စွန့်လွှတ်ရန် နောက်ဆုံးအခွင့်အရေးရှိလာမည်ဖြစ်သည်။ ဆင်းသက်မည့်အစီအစဉ်ကို စွန့်လွှတ်မည်ဆိုပါက အာကာသယာဉ်သည် နေကိုပတ်နေမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် နောက်တစ်ကြိမ် ဆင်းသက်ရမည့် အနေအထားဖြစ်လာမည်ဖြစ်သည်။
“နမူနာတွေ ပြန်ပို့တဲ့မစ်ရှင်တွေဟာခက်ခဲပါတယ်။ အမှားအယွင်းဖြစ်သွားနိုင်တဲ့ အရာတွေ အများအပြားရှိနေပါတယ်”ဟု လော့ဟိမာတင်ကုမ္ပဏီ၏ Osiris-Rex အစီအစဉ် မန်နေဂျာ ဆန်ဒရာဖရွန်းက ပြောကြားသည်။
အဖွဲ့များသည် အာကာသယာဉ်ငယ်လေး ပြန်လာရေးအတွက် အသေးစိတ်ပြင် ဆင်နေသည်ဟု သိရသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
