စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လေဆိပ်၊ ကားဂိတ်၊ စက်လှေဆိပ်များ အပါအဝင် တံတားများ အားလုံးကို COVID-19 ရောဂါ ကူးစပ်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး အတွင်းရေးမှုး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းသို့ ကိုယ်အပူချိန်ရှိသည့်သူ ဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထို့သို့စစ်ဆေးရာတွင် စစ်ဆေးခြင်း၊ လာရာလမ်းကြောင်းများ မေးမြန်းခြင်း၊ အပူချိန်ရှိသည့်သူ တွေ့ရှိပါက ဆေးရုံသို့ ဆက်လက်ပို့ဆောင် သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
“အပူချိန်ရှိတဲ့သူက စစ်ကိုင်းတိုင်းဒေသကြီးကို ဝင်လာမှစိုးလို့ ထိန်းမယ်။ စစ်မယ်။ သူ့ရဲ့ရာဇဝင် ဘယ်ကလာလဲ မေးမယ်။ ကိုယ်အပူချိန်ရှိရင်တော့ ဆေးရုံကို တန်းပို့မယ်။ ကျနော်တိုု့တိုင်းထဲ အရောက်မခံဘူး။ လျှောက်သွားတာမျိုး မဖြစ်အောင်လို့။ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဝင်ပေါက် ထွက်ပေါက်တွေ အားလုံးစစ်ဆေးမယ်” ဟု COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အတွင်းရေးမှုး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး သန်းထွန်းအောင်က ပြောကြားသည်။
ထို့သို့စစ်ဆေးရာတွင် ကျောက်မြောင်းတံတား၊ ထီးချိုင့်တံတား၊ ချောင်းဦးတံတား၊ ချင်းတွင်းတံတား(မုံရွာ)၊ စစ်ကိုင်းတံတား (ရတနာပုံနှင့်အင်းဝ)၊ ယင်းမာပင်တံတားများ၊ မုံရွာလေဆိပ်နှင့် ကားဂိတ်များ၊ စက်လှေဆိပ်များတွင် COVID-19 ရောဂါ စစ်ဆေးရေးအဖွဲ့များ ထားရှိကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ စသည့်ဝန်ထမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
