မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားတွင် ဧပြီလ ၁၄ ရက်နေ့က ဆန်သုံးပြည် ဆီတစ်ဗူး လှူဒါန်းမည့် ကိစ္စနှင့် ပတ်သက်၍ လူထောင်ချီ စုဝေးခဲ့မှုကြောင့် လှူဒါန်းမှု ရပ်နားခဲ့ရကြောင်း သတင်းရရှိသည်။
ဦးလဆန်အောင် (ငြိမ်းချမ်းရေးအဖွဲ့) မှ ဦးလဆန်အောင်၏ သားဖြစ်သူ ဦးနော်လီမှ လူတစ်ဦးလျှင် ဆန်သုံးပြည်၊ ဆီတစ်ဗူးနှင့် နှာခေါင်းစည်းငါးခုကို မနက် ၉ နာရီတွင် ပေးဝေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဦးနော်လီက ဆိုပါသည်။
ဦးနော်လီက “ကျွန်တော်တို့က ၉ နာရီမှာ ရောက်လာတော့ ဒီမှာလူက နှစ်ထောင်လောက် ဖြစ်သွားပြီ။ ဝေဖို့က လူတစ်ထောင့်ငါးရာစာပေါ့။ သိန်းနှစ်ဆယ်ဖိုး ရှိပါတယ်။ လူတွေတအားများတော့ ထွေအုပ်က ဝေလိုမဖြစ်တော့ လူစုလူဝေး အလွန်အကျွံဖြစ်မယ်။ သွားမယ်ပေါ့။ ရပ်ကွက်အုပ်ချုပ်ရေး တွေကတဆင့် ဝေပေးကြပါပေါ့။ အဲဒါကြောင့် ဝေငှမှုကို မလုပ်ဖြစ်တော့တာ။ စိတ်မကောင်းဘူးလေ မနက်ကတည်းက စောင့်နေကြရတာ” ဟု ပြောကြားသည်။
လူအများ တန်းစီရန် သုံးပေအကွာစည်းများ လုပ်ထားသော်လည်း လူများလွန်းသည့်အတွက် တိုးကြိတ်သည့် အနေအထားများ ရှိခဲ့ကြောင်းလည်း သိရသည်။
လူစုလူဝေးမှာ မနက် ၈ နာရီမှ ၁၀ နာရီကျော်အထိ ကြာမြင့်ခဲ့ပြီး ဆယ်နာရီကျော်တွင် ဝေမည့် ဆန်၊ ဆီနှင့် mask များကို ကားဖြင့် ပြန်လည် သယ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဆန်ယူရန်အတွက် ယင်းနေရာသို့ မခေါဒီမှ ရောက်လာသူ ဒေါ်အားချာက “ဒီမှာရောက်လာတာ အလုပ်အကိုင်ပစ်ပြီး ရောက်လာတာ။ သတင်းကတော့ Facebook ပေါ်မှာတွေ့တာ။ အခုလိုလာပြီး မဝေတာကတော့ မကောင်းဘူး။ လူတွေကလည်း တအားများနေတာလေ။ ကျွန်မတို့ရချင်တယ်ဆိုတာ ရွာမှာ အိမ်ခြေ ၁၀၀ မှာ ၇၀ လောက်က လက်လုပ်လက်စားတွေလေ။ ရောဂါက ဘယ်တော့ကင်းမလဲ မသိတာ” ဟု ဆိုသည်။
ယင်းလှူဒါန်း ဝေငှမည့် အစီအစဉ်ကို မတ်လ ၁၃ ရက်နေ့ မြစ်ကြီးနား သတင်းဂျာတွင် ဖော်ပြခဲ့ပြီး လူပေါင်းထောင်နဲ့ချီ ကြည့်ရှူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
