Top News

မန္တလေးမြို့တွင် Mask Campaign ပြုလုပ်
24htopnews | October 22, 2024 7:12 AM CST

 

မန္တလေးမြို့တွင် Mask Campaign ပြုလုပ်ခြင်းကို ၂၀၂၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့၊ နံနက် ၇ နာရီအချိန်က ၈၆ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ မန်းသီရိဈေး၏ မျက်နှာစာတွင် လမ်းသွားလာသူများအား Mask မတပ်သူများအား တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ Mask Campaign ပြုလုပ်ခြင်းကို နန်းရှေ့ဈေး၊ ဆရာစံဈေး၊ ညောင်ပင်ဈေးတို့တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

လွတ်တော်ကိုယ်စားလှယ်များ၊ ထွေအုပ်၊ မြို့နယ်ရဲ၊ ကျန်းမာရေး၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီ၊ အမျိုးသမီးကော်မတီ၊ လူငယ်ကော်မတီ၊ ဈေးကော်မတီတို့က စုပေါင်းပြုလုပ်ခဲ့ကြသည်။


READ NEXT
Cancel OK