ကုလသမဂ္ဂ စီမံကိန်းလုပ်ငန်းများဆိုင်ရာရုံး (UNOPS) က စီမံပြီး မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသို့ COVID-19 ရောဂါ စမ်းသပ်မှုမြှင့်တင် ဆောင်ရွက်ရန် စမ်းသပ်ကိရိယာ ၂၀,၀၀၀ ကျော် လှူဒါန်းကြောင်း ဧပြီ ၁၄ ရက်က သိရသည်။
ကုလသမဂ္ဂ စီမံကိန်း လုပ်ငန်းများဆိုင်ရာရုံး (UNOPS) က စီမံဆောင်ရွက်သည့် ‘ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရန်ပုံငွေ’ (Access to Health Fund) သည် Good Neighbors International နှင့်အတူ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနထံသို့ များစွာလိုအပ်လျက်ရှိသော ရောဂါစမ်းသပ် ပစ္စည်းကိရိယာများ ကူညီပံ့ပိုးပေးထားကြောင်း၊ COVID-19 ရောဂါစမ်းသပ်မှု ကြိမ်ရေ ၂၀,၀၀၀ လုပ်ဆောင်ရန် လိုအပ်သည့် ပစ္စည်းများ ရရှိရေးအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀ ကို ရန်ပုံငွေ ရယူပေးထားကြောင်း၊ ယင်းပစ္စည်းများတွင် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သော Polymerase Chain Reaction (PCR) စမ်းသပ်ပစ္စည်း ၅,၀၀၀ နှင့် Viral Transport Media Tubes ဖန်ပြွန် ၁၀,၀၀၀ တို့ပါဝင်ပြီး လာမည့် ၂၄ နာရီအတွင်း UNOPS Access to Health Fund သည် ခွဲစိတ်ခန်းသုံးလက်အိတ် ၁၅၀,၀၀၀ နှင့် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း ၅၀၀,၀၀၀ တို့ကိုလည်း မြန်မာနိုင်ငံရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ အလှူရှင်နိုင်ငံတွေ အကုန်စုပေါင်းပြီးတော့ ဒီ UNOPS ကတော့ စီစဉ်ပေးတာပေါ့။ ဒီပစ္စည်းတွေက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ပေးပြီးပြီလို့ သိရပါတယ်။ ဒါပေမယ့် သိပ်တော့မသေချာသေးဘူး။ အဲ့ဝန်ကြီးဌာနကို ပေးဖို့တော့ ရှိတယ်” ဟု ကုလသမဂ္ဂ ပြန်ကြားရေးဌာနမှ ဦးအေးဝင်းက ပြောကြားသည်။
ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ရန်ပုံငွေပေးရေးနှင့် အကူအညီပေးရေး အစီအစဉ်များသည် ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှုများ၌ ကျန်းမာရေး အာဏာပိုင်များအား စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ ထိုသို့ကူညီပံ့ပိုးရာ၌ စီမံရေးနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အရင်းအမြစ်များ စုစည်းခြင်းအပြင် လူထုအကြား အသိပညာပေးခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှု မြှင့်တင်ခြင်းများ၌ တိုက်ရိုက်ပါဝင်ပံ့ပိုး ကူညီခြင်းများကို ပိုမိုခိုင်မာစေလျက် စမ်းသပ်ကိရိယာများ၊ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံများ၊ ဆေးနှင့်ဆေးပစ္စည်းများ ရရှိရေးနှင့် ကျန်းမာရေးနှင့် အသွားအလာ ကန့်သတ်မှု ဌာနဆိုင်ရာ စနစ်များ တိုးချဲ့ခြင်းများ ပါဝင်ကြောင်း သိရသည်။
ဧပြီ ၃ ရက်တွင် မြန်မာနိုင်ငံ၏ COVID-19 ရောဂါစမ်းသပ်မှု ပိုမိုကောင်းမွန်စေရန် ဗြိတိန်၊ ဆွီဒင်၊ အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က Good Neighbors International မှတစ်ဆင့် ဒေါ်လာခုနှစ်သိန်း တန်ဖိုးရှိ စမ်းသပ်ပစ္စည်း ကိရိယာများနှင့် ဓာတ်ခွဲခန်းသုံးပစ္စများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
