ပြည်သူများ ရှင်းရှင်းလင်းလင်း သိနိုင်ရန် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် မိသားစုဝင်များ၊ အနီးကပ် ထိတွေ့သူများ စုစုပေါင်း ၃၀ ဦးအား COVID-19 ရှိမရှိ ယနေ့ စစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အင်းစိန်တရားဟောဆရာနှင့် ဒုသမ္မတတို့ တွေ့ဆုံသည့် ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက်တွင် လူအများအကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက "အဆိုပါ ပုံများဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလို့ စိစစ် သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ အစောဆုံး ကူးစက်မှု တွေ့ရှိခဲ့တာက မတ်လ ၂၃ ရက်နေ့ ဖြစ်ပါတယ်။ အဆိုပါ ဘာသာရေးအဖွဲ့နဲ့ ဒီရက်နောက်ပိုင်း တွေ့ဆုံမှု မရှိဘူးလို့ သိရပါတယ်။ သို့သော်လည်းပဲ အခုလို ထိတွေ့မှု သတင်းတွေအပေါ် လူထုစိုးရိမ်မှု မြင့်တက်နေတာ တွေ့ရှိရတဲ့အတွက် ရှင်းရှင်းလင်းလင်း သိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ် ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ဓါတ်ခွဲနမူတွေ ရယူပြီးစစ်မှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲတွေရဲ့ ကျန်းမာရေးအတွက် နေအိမ်အဝင်အထွက်တွေ၊ တွေ့ဆုံမှုတွေကို ကျန်းမာရေး guideline တွေနဲ့အညီ အထူးကြပ်မတ် စိစစ်မှုတွေ ဆောင်ရွက်ထားပါတယ်" ဟု ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များအား ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
