Top News

အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ကိုးဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီး ၆၂ ဦးရှိလာ
24htopnews | October 22, 2024 7:12 AM CST

အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ကိုးဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိပြီး ၆၂ ဦးရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၄ ရက် နံနက် ၁၂ နာရီ ၁၅ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၃-၄-၂၀၂၀) ရက်နေ့ ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု တတိယအသုတ် (၁၃-၄-၂၀၂၀ အတွက် နောက်ဆုံး) အဖြစ် ဓာတ်ခွဲနမူနာ (၁၂၃) ခု အား ထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၈) ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရပြီး ကျန်ဓာတ်ခွဲနမူနာ (၁၁၄) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

 


READ NEXT
Cancel OK