စစ်ကိုင်းတိုင်းဒေသကြီးတွင် ဒေသတစ်ခုတွင်လည်းကောင်း၊ ဒေသတစ်ခုထက်ပို၍သော် လည်းကောင်း COVID-19 ရောဂါ ကူးစပ်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လုံလောက်သော အကြောင်းပြချက်မရှိဘဲ ပြင်ပသို့သွားလာပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်က ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နေ့စဉ် ည ၁၀ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အထိ မဖြစ်မနေ ကျန်းမာရေး လူမှုရေး ကိစ္စဖြင့် သွားလာခြင်းမှအပ လုံလောက်သော အကြောင်းပြချက်မရှိဘဲ မလိုအပ်ဘဲ ပြင်ပသွားလာခြင်း မပြုလုပ်ရန်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေး လုံခြုံရေး မှုခင်းများနှင့် ပတ်သက်၍ မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်များ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများထံ သတင်းပေးရန်နှင့် သင်္ကြန်ကာလအတွင်း ရပ်ကွက်/ကျေးရွာများ အတွင်း သင်္ကြန်ရေပက်ဖြန်းခြင်း ရေပက်မဏ္ဍပ် (အုန်းလက်မဏ္ဍပ်) အပါအဝင် လူစုလူဝေး တစ်ဦးချင်းစီ သော်လည်းကောင်း ရေပက်ခြင်း ရေပက်ခံထွက်ခြင်းများ မပြုလုပ်စေရေးအတွက် ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်အတွင်း၌သာ နေထိုင်ကြရန် (Stay at Home) မလိုအပ်ဘဲ အပြင်သို့ လုံးဝမထွက်ကြရန်နှင့် မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း (mask) တပ်ပြီးမှသာ အပြင်ကို ထွက်ခွာကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှလူများ ရောဂါကူးစပ်မှု မရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် ထားသည်။
အဆိုပါ စည်းကမ်းချက်များကို လိုက်နာရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း စည်းကမ်းချက် များကိုလည်း အများပြည်သူ အကျိုးအတွက် ရည်ရွယ်သတ်မှတ်ခြင်း ဖြစ်သဖြင့် တိကျစွာ လိုက်နာဆောင်ရွက်ပေးကြရန် ထုတ်ပြန်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
