Top News

COVID-19 လူနာတစ်ဦး ထပ်မံတွေ့ရှိပြီး လူနာ ၅၃ ဦး ရှိလာ
24htopnews | October 22, 2024 7:12 AM CST

COVID-19 အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိပြီး လူနာ ၅၃ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ ဧပြီ ၁၃ ရက် ည ၁၀နာရီ ၁၅မိနစ် ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၄) ခု အား ထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းတို့အနက် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ သတ်မှတ်ထားသော နေရာတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ (၁) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန်ဓာတ်ခွဲနမူနာ (၉၃) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း သိရသည်။

ယင်းကြောင့် ဧပြီ ၁၃ ရက် ည ၉ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၆ ခု အား စစ်ဆေးခဲ့ပြီး ၁၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 


READ NEXT
Cancel OK