ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူရေးကိစ္စများမှလွဲ၍ နေအိမ်များမှ အပြင်မထွက်ရန်နှင့် အပြင်ထွက်ပါက Mask များတပ်ဆင်ပြီးမှ ထွက်ကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီလ ၁၃ ရက်နေ့တွင် သိရှိလိုက်နာဆောင်ရွက်သွားရန် ညွှန်ကြားချက်အား ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း နေထိုင်လျှက်ရှိသည့် ပြည်သူများအနေဖြင့် သင်္ကြန်ပွဲတော်ရုံးပိတ်ရက်ကာလများအတွင်း မိမိတို့ နေအိမ်များတွင်သာ နေထိုင်ရန် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် အစားအသောက်ဝယ်ယူရေး ကိစ္စရပ်များမှလွဲ၍ နေအိမ်များမှ အပြင်သို့ ထွက်ခြင်းမပြုရန်၊ နေအိမ်အပြင်သို့ ထွက်ခွါတိုင်း မည်သူမဆို Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများအား ရပ်နားထားချိန်တွင် အိမ်စီးကားငယ်များဖြင့် ခရီးသွားလာနေသူများအနေဖြင့် ခုနှစ်ဦးထက် ပိုမိုတင်ဆောင်ကာ ခရီးသွားလာခြင်းမပြုရန် သွားလာသည်ကို မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတွေ့ရှိရပါက မြို့တွင်းသို့ ဝင်ရောက်စေခြင်းမပြုဘဲ ပြန်လည်စေလွှတ်ရန်၊ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ပစ္စည်းငါးမျိုး ဝေငှခြင်းအား ဧပြီလ ၁ရရက်နေ့ နောက်ဆုံးထားကာ ပေးဝေစေရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
“ အစားအသောက်ဝယ်ယူရေးကိစ္စနဲ့ ကျန်းမာရေးကိစ္စကလွဲပြီး အပြင်မထွက်ကြဖို့ဆိုတာနဲ့ အကြောင်းကြားတဲ့စာပေါ့။ နောက်တစ်ခါ အပြင်ထွက်ရင် Mask တွေတပ်ကြဖို့ နောက်တစ်ခါ ပစ္စည်းငါးမျိုးဝေတဲ့ကိစ္စမှာ သိရှိလိုက်နာဆောင်ရွက်ဖို့နဲ့ ၁၇ ရက်နေ့ နောက်ဆုံးဝေငှဖို့ စာထုတ်တယ်။ နောက်တစ်ခါ ဂိတ်တွေကနေ သေချာစောင့်ကြပ်ကြည့်ရှှု့ကြဖို့ ခုနှစ်ယောက်ထက်ပိုပြီးတော့ လာတဲ့ကားတွေကို လက်မခံဘဲ ပြန်လွှတ်ဖို့အဲ့ဒါမျိုးတွေ စာထုတ်တယ်။ အပြင်ထွက်တာနဲ့ Mask တပ်ဖို့ လမ်းညွှန်တယ်ပေါ့နော်။ Mask ကတော့ စျေးတွေကလည်း မြင့်နေတဲ့အခါကျတော့ ဝယ်တဲ့သူကလည်း ဝယ်နိုင်တယ် မဝယ်နိုင်တဲ့သူကလည်း မဝယ်နိုင်ဘူး။ အဲ့တော့ မဝယ်နိုင်တဲ့သူကလည်း အပြင်ထွက်ချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာ Maskကို ချုပ်ဝတ်လုပ်ပါပေါ့။ တိုင်းကျန်းမာက ချုပ်သင့်တဲ့ ပိတ်စကိုလမ်းညွှန်မယ်။ နမူနာပေးမယ်။ တိုင်းဒေသကြီးကလည်း ဝေနိုင်သမျှဝေမယ်။ တကယ်လို့ အပြင်ထွက်ချင်တဲ့သူက Mask ဝယ်နိုင်ရင်ဝယ် မဝယ်နိုင်ရင် ချုပ်လုပ်ထားတဲ့ Mask နဲ့မှ အပြင်ထွက်ဖို့ဆိုပြီး သိရှိနိုင်ရန် အကြောင်းကြားတာပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ မရှိသေးသော်လည်း နေရပ်ပြန်ပြည်သူများမှာ အလွန်များပြားနေသောကြောင့် ပြည်သူများအကြားတွင် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
