Top News

COVID-19 ​ရောဂါ ကာကွယ်တားဆီး​ရေးအတွက် မြန်မာ- ဘင်္ဂလား​ဒေ့ရှ် နယ်စပ်ဂိတ်တွင် လူဝင်- ထွက်ခွင့် ပိတ်မည်
24htopnews | October 22, 2024 7:12 AM CST

COVID-19 ​ရောဂါ ကာကွယ်တားဆီး​ရေးအတွက် မြန်မာ- ဘင်္ဂလား​ဒေ့ရှ် နယ်စပ်ဂိတ်တွင် လူဝင်- ထွက်ခွင့် ပိတ်မည်ဖြစ်ပြီး ကုန်စည်များ စီးဆင်းမှုကိုသာ ဆက်လက်ခွင့်ပြု​ပေးမည်ဖြစ်​ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်း​ဆောင်ရွက်​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​ကျော်တင်က ​ပြောကြားခဲ့​ကြောင်း နိုင်ငံတော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးက ​ထုတ်ပြန်​ခဲ့သည်။

ဧပြီ ၁၂ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ​​ဒေါ်​အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့ရှိ ဘင်္ဂလား​ဒေ့ရှ်သံအမတ်ကြီးကို တယ်လီဖုန်းဖြင့် ဆက်သွယ်​ပြောကြားရာတွင် ပြည်​ထောင်စုဝန်ကြီး ဦးကျော်တင်က အထက်ပါအတိုင်း ထည့်သွင်း​ပြောကြားခဲ့ခြင်းဖြစ်​ကြောင်း နိုင်ငံ​​တော်သမ္မတအိမ်​တော် သတင်းထောက်များအား ဦး​ဇော်​ဌေးက ထုတ်ပြန်​ပေးခဲ့ခြင်းဖြစ်သည်။

COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်း (၅) နိုင်ငံမှ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို စသည့်နိုင်ငံများနှင့် နယ်စပ်ဂိတ်များကတစ်ဆင့် လူဝင်-လူထွက် ပိတ်ထားပြီးဖြစ်ကြောင်းနှင့် ကုန်သွယ်မှုစီးဆင်းနိုင်ရေးအတွက်သာ ဖွင့်လှစ်ထားကြောင်း ပြည်ထောင်စုဝန်ကြီးက ​ပြောကြားခဲ့​ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါအ​ခြေအ​နေများ​ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လည်း နယ်စပ်ဂိတ်များကတစ်ဆင့် လူဝင်-လူထွက်များကို ဧပြီလ (၁၃) ရက်နေ့တွင် စတင်ပိတ်မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု မထိခိုက်ရန်အတွက် ကုန်စည်များ စီးဆင်းမှုကိုဆက်လက် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ လူဝင်- လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က တစ်နိုင်ငံလုံး Lockdown လုပ်ထားသည့်အတွက် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့​ကြောင်း ​ဖော်ပြပါရှိသည်။

ပြည်​ထောင်စုဝန်ကြီး၏ ​ပြောကြားမှုများနှင်ပတ်သက်၍ ဌာနချုပ်ကို ပြန်လည်တင်ပြပေးမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဒါကာ၊ ကော့ဘဇားအပါအဝင် တစ်နိုင်ငံလုံး Lockdown လုပ်ထားကြောင်း၊ ပြည်ပနှင့် နယ်စပ်များက ဝင်ရောက်လာသူများကြောင့် ကူးစက်ပြန့်ပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြောင်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက ပြောကြားခဲ့​ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။


READ NEXT
Cancel OK