ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က သူ၏တစ်နှစ်စာ ဝန်ကြီးလစာငွေ ကျပ်သိန်း ၁၅၀ ကို ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီထံသို့ လှူဒါန်းခဲ့ကြောင်း ဧပြီလ ၁၄ ရက်တွင် သတင်းရရှိသည်။
“ဟုတ်တယ် အားလုံးပေါင်း တစ်နှစ်စာလေ။ သိန်း ၁၅၀ ကို လှူလိုက်တယ်။ ပါတီကို ၅ သိန်းလှူသေးတယ်။ အားလုံး ကျပ်သိန်းပေါင်း တစ်ရာ့ငါးဆယ် လှူလိုက်တာပေ့ါ။ ပြီးတော့ ဆေးရုံတွေက Positive လူနာတွေကို ကြည့်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဆရာဝန်တွေကို ရှမ်းပြည်နယ် အစိုးရကနေ ထောက်ပံ့ကြေး ပေးသွားမယ်။ စားစရိတ်တင်ကို တစ်ရက် တစ်သိန်းကျော်လောက် ကျတယ်။ လောလောဆယ် Positive လူနာတွေ့တဲ့ ဆေးရုံပေ့ါ။ လားရှိုး ဆေးရုံမှာပေ့ါ။ မလောက်ဘူးဆိုရင် ထပ်ပြီးထောက်ပံ့ပေးမှာပေါ့။ ထွေအုပ်က ဦးဆောင်ပြီး ရန်ပုံငွေ ရှာထားတာ ရှိတယ်။ ဟုတ်တယ် စားနပ်ရိက္ခာ ကော်မတီကို လှူလိုက်တာ” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။
အဆိုပါ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် လှူဒါန်းငွေကို လက်ခံခဲ့ပြီး ဘောင်ချာဖြတ်ပိုင်း ဖြတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဋ္ဌ (၂) ဦးသူရစောသိန်းက ပြောသည်။
“ဝန်ကြီးက ငွေမရသေးတော့ အကိုတို့က ခနစိုက်ထားပေ့ါ။ တစ်လချင်းစီ ပြန်ပေးမှာပေ့ါ။ အရစ်ကျပေ့ါ။ ငွေက ဘဏ်ဖွင့်တာနဲ့ သိန်း ၁၅၀ ကိုသွင်းမယ်။ အတိုးတော့ မတွက်ပါဘူး။ အခုက သိန်း ၁၅၀ တစ်နှစ်စာငွေကို လှူလိုက်မယ်။ အကိုက ခနစိုက်ထားတာပေ့ါ။ ပြန်ပေးမှာပေ့ါ။ ဒီလကနေစပြီး နောက်တစ်နှစ်အထိကို ပြန်ပေးမှာပေ့ါ။ ဒီရက် ၂၀ ရက်မှာ ဘဏ်ထဲကို ၁၅၀ သိန်းသွင်းမယ်။ အကြောင်း အမျိုးမျိုးကြောင့်ဆိုလည်း သူ့မိသားစုနဲ့ သဘောတူညီချက် ယူထားပြီးပြီ။ အကယ်၍ ဝန်ကြီးသက်တမ်း မပြီးဘဲ တစ်ဝက်တစ်ပျက် ဆိုလည်း မိသားစုကနေ စိုက်လျော်ပေးမှာပေ့ါ။ သူက ပထမဆုံးလို့ ပြောလို့ရတာပေ့ါ။ အခု စားနပ်ရိက္ခာ ကော်မတီအတွက် ကျပ်သိန်း ၃၀၀၀ ကျော် ရထားပြီးပြီ။ နောက်ထပ် ဆန်အိတ် ၃၀၀၀ က မတက်လာသေးဘူး။ တန်ဖိုးမထည့်နိုင်သေးဘူးပေါ့။ အကိုတို့ ကော်မတီနားပဲ ထည့်မှာ၊ သုံးရှမ်းအတွက်ပေ့ါ။ ဆန်အိတ်တွေကိုတော့ ရှမ်းမြောက်ရော ရှမ်းရှေ့ကိုရော ပို့လိုက်ပါပြီ။ အဲဒီ ဆန်အိတ် ၃၀၀၀ က သိန်း (၈၀၀) လောက်ကျမယ်။ ကမ္ဘောဇဘဏ်ကနေ ရှမ်းပြည်နယ်အတွက် သီးသန့်လှူထားတာ သိန်း ၃၀၀၀ လောက် ရှိပြီပေါ့။ ကျန်းမာရေး အကာအကွယ်နဲ့ အထောက်အကူပြု ပစ္စည်းတွေက သီးသန့်လှူတာ၊ စားနပ်ရိက္ခာ အတွက်က သိန်း ၂၀၀၀ ကျပ် ဆိုတော့ သိန်း ၅၀၀၀ က လှူထားပြီးသားပေါ့” ဟု ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဋ္ဌ (၂) ဦးသူရစောသိန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
