COVID-19 အတည်ပြုလူနာ Case 37 နှင့်ထိတွေ့မှုရှိခဲ့သည့် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်နေ အမျိုးသမီးအား လွိုင်ကော်ပြည်သူ့ ဆေးရုံကြီး သီးခြားကုသဆောင်တွင် ထားရှိပြီး ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာ ပေးပို့ထားကြောင်း သတင်းရရှိသည်။
ဧပြီ ၁၃ ရက်နေ့ည ၉ နာရီအချိန်တွင် ဓာတ်ခွဲစစ်ဆေးနိုင်ရန် ချက်ချင်းဆောင်ရွက်ထားပြီး အသက် ၂၇ နှစ်အရွယ် သံသယလူနာ အမျိုးသမီးမှာ လက်ရှိအချိန်တွင် ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်းလည်း သိရသည် ။
ထို့အပြင် သံသယ အမျိုးသမီးငယ်နှင့်အတူ ဧပြီလ ၇ ရက်နေ့တွင် ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ ကားအတူစီး ပြန်လာသည့် ခဲအိုတော်စပ်သူ နှစ်ဦး၊ သူငယ်ချင်း အမျိုးသမီးငယ်တစ်ဦး၊ မော်တော်ယာဉ်မောင်း တစ်ဦးတို့ အပါအဝင် ၄င်းတို့နှင့် ဆက်စပ်နေသည့် အတူနေ မိသားစုဝင် ၃၆ ဦးအား သူနာပြုနှင့် သားဖွား သင်တန်းကျောင်းရှိ Community Based Facility Quarantine များတွင် စောင့်ကြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
သံသယလူနာသည် ဧပြီ ရက်နေ့ည ၆ နာရီခန့်တွင် လွိုင်ကော်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ပါသဖြင့် ယင်းကာလ နောက်ပိုင်းတွင် ထိတွေ့ဆက်စပ်ခဲ့သူများ ရှိခဲ့ပါက မိမိအိမ်တွင် သီးခြားနေထိုင်ခြင်းဖြင့် ကူညီဆောင်ရွက် ပေးနိုင်ရန်၊ သံသယရှိသဖြင့် Quarantine ဝင်ရောက် စောင့်ကြည့်ခံယူ လိုပါကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဆက်သွယ်ဆောင်ရွက် ပေးကြပါရန် ပြည်နယ်အစိုးရမှ မေတ္တာရပ်ခံကြောင်း ပြည်နယ်အစိုးရရုံး တရားဝင် စာမျက်နှာတွင် ဖော်ပြထားသည်။
သံသယလူနာနှင့် ဆက်စပ်သူများ၏ သတင်းအား ပြည်နယ်အစိုးရုံး၏ တရားဝင်စာမျက်နှာတွင်သာ ကြည့်ရှု အတည်ပြုရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
