အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေခဲမြစ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ရေကန်တစ်ကန်သည် ကမ်းပါးများကျိုးပေါက်ကာ တောင်ခြေသို့ ရေများ လျင်မြန်စွာကျဆင်းလာခဲ့သဖြင့် လူ ၁၄ ဦးထက်မနည်း သေဆုံးကာ စစ်မှုထမ်း ၂၂ ဦးအပါအဝင် လူပေါင်း ၁၀၂ ဦး ပျောက်ဆုံးနေသည်ဟု အရာရှိများက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
လူပေါင်း ၂၂၀၀၀ ခန့်ကို ဘေးသင့်စေခဲ့သည့် အဆိုပါ ရေလွှမ်းမိုးမှုသည် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် တောင်အာရှ၏ တောင်တန်းဒေသများတွင် ဆိုးရွားသည့် မိုးလေဝသဖြစ်စဉ်များအနက် နောက်ဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်။
“မိုးတွေမစဲဘဲ ဆက်လက်ရွာသွန်းနေတဲ့ အခြေအနေအောက်မှာပဲ ရှာဖွေကယ်ဆယ်ရေးတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ တီးစတားမြစ်မှာ ရေစီးမြန်နေပြီး လမ်းတွေနဲ့ တံတားတွေဟာ ရေစီးနဲ့အတူ မျောပါသွားခဲ့ပါတယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာပလက်ဖောင်းတွင် ပြောကြားခဲ့သည်။
မိုးသက်မုန်တိုင်းကျရောက်မှုကြောင့် အချိန်တိုအတွင်း မိုးရေချိန်အများအပြား ရွာသွန်းခဲ့သဖြင့် ရေခဲမြစ်ကြောင့် ဖြစ်ပေါ်ခဲ့သည့် Lhonak ကန်မှ ရေများသည် တီးစတား တောင်ကြားတစ်လျှောက် ကျဆင်းလာခဲ့သည်။ ထိုတောင်ကြားဒေသသည် တရုတ်နယ်စပ်အနီး အိန္ဒိယ၏ ဆစ်ကင်းပြည်နယ် ဂန်တော့ခ်မြို့တော် မြောက်ဘက် ၁၅၀ ကီလို မီတာတွင်တည်ရှိသည်။
အောက်တိုဘာ ၅ ရက် နံနက်အစောပိုင်းအထိရရှိခဲ့သည့် သတင်းများအရ ရေဘေးကြောင့် လူ ၂၆ ဦးဒဏ်ရာရခဲ့ပြီး ၁၀၂ ဦး ပျောက်ဆုံးနေကြောင်းနှင့် တံတား ၁၁ စင်းလည်း ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း ဆစ်ကင်းပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားခဲ့သည်။
ANI သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများတွင် လူနေအိမ်များကို ရေများလွှမ်းမိုးခဲ့ပြီး စစ်စခန်းများနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကာ မော်တော်ကားများလည်း ရေမြုပ်နေပုံများကို ပြသခဲ့သည်။
ဆစ်ကင်းပြည်နယ်နှင့် အိမ်နီးချင်းပြည်နယ်များတွင် လာမည့်နှစ်ရက်အထိမိုးများ ဆက်လက်ရွာသွန်းနိုင်သဖြင့် လေကြောင်းလိုင်းများကို ဖျက်သိမ်းခဲ့ကာ မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း မိုလေဝသဌာနက သတိပေး ချက်ထုတ်ပြန်ခဲ့သည်။
မကြာသေးမီလများအတွင်းက အိန္ဒိယ၏ တောင်တန်းဒေသများ၊ အိမ်နီးချင်း ပါကစ္စတန်နှင့် နီပေါနိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့သည်။
ပြီးခဲ့သည့်နှစ်ကလည်း ပါကစ္စတန်တွင် သမိုင်းတွင်စေသည့် မုတ်သုံမိုးများရွာသွန်းမှုကြောင့် မကြံစဖူး ရေလွှမ်းမိုးမိုးမှုများဖြစ်ပွားခဲ့ကာလမ်းများ၊ စိုက်ခင်းများ၊ အခြေခံအဆောက်အအုံများနှင့် တံတားများပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀၀ ခန့် သေဆုံးခဲ့သည်။
ယခုနှစ် မုန်သုံရာသီတွင် ဟိန္ဒူ ကက်ရှ်-ဟိမဝန္တာဒေသအနှံ ဆိုးရွားသည့် မိုးရွာသွန်းမှုများဖြစ်ပွားခဲ့သဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်မရှိသည့် ဒေသတွင်း နေထိုင်သူများအတွက် ဆိုးရွားသည့် အန္တရာယ်များကို ကျရောက်စေခဲ့သည်ဟု နီပေါအခြေစိုက် နိုင်ငံတကာတောင်တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ ညွှန်ကြားရေးမှူးချုပ် ပီမာဂီယမ်ဆူက ပြောကြားခဲ့သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
