အမေရိကန်ပြည်ထောင်စုသည် လွန်ခဲ့သောနှစ်တွင် အီရန်ထံမှသိမ်းဆည်းခဲ့သော အီရန် ကျည်ဆန်တစ်သန်းကျော်ကို ယူကရိန်းသို့ ပေးပို့လိုက်သည်ဟု အောက်တိုဘာ ၄ ရက်တွင် အမေရိကန်စစ်တပ်က ပြောကြားသည်။
အမေရိကန်ရေတပ်သည် အီရန်က ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားများအတွက် နိုင်ငံမဲ့အာရပ် ငါးဖမ်းလှေများဖြင့်ပေးပို့သည်ဟုယုံကြည်ရသော လက်နက်များကိုသိမ်းဆည်းနေသည်မှာ နှစ်ချီ ကြာမြင့်နေပြီဖြစ်သည်။
၇ ဒသမ ၆၂ မမ ကျည်ဆန် ၁ ဒသမ ၁ သန်းခန့်ကို ယူကရိန်းသို့ ပို့လိုက်သည်ဟု အရှေ့အလယ်ပိုင်း စစ်ဆင်ရေးများအတွက် တာဝန်ရှိသော အမေရိကန် အလယ်ပိုင်းကွပ်ကဲရေးဌာနက ပြောကြားသည်။
အဆိုပါကျည်ဆန်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲတွင် အမေရိကန်ရေတပ်က သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ ၇ ဒသမ ၆၂ မမ ကျည်ဆန်များကို အီရန်တော်လှန်ရေး အစောင့်တပ်က ယီမင်ရှိ ဟူသီရ်တိုက်ခိုက်ရေး သမားများထံပေးပို့ခြင်းဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုဟာ အမေရိကန်ပိတ်ဆို့မှုတွေနဲ့ ကုလသမဂ္ဂပိတ်ဆို့မှု တွေအပါအဝင် တရားဝင် တရားရုံးတားဆီးအမိန့်တွေက တစ်ဆင့်နည်းလမ်းအားလုံးနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်လက်နက် အကူအညီတွေစီးဆင်းတာကို တန်ပြန်ဖို့ အမေရိကန်မဟာမိတ်တွေ၊ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ဆောင်ရွက်နေပါတယ်”ဟု အလယ်ပိုင်းကွပ်ကဲရေးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာဝေးပစ် ဒုံးကျည်များနှင့် လေကြောင်းကာကွယ်ရေးစနစ်များသည် ယူကရိန်းအလိုရှိသောစာရင်းတွင် ထိပ်ဆုံး၌ ပါဝင်နေချိန်တွင် ယင်းကျည်ဆန်များက စစ်မြေပြင်တွင် ကြီးကြီးမားမားကွဲပြားခြင်းနားမှုကို ဖြစ်စေဖွယ်မရှိပေ။
လွှဲပြောင်းပေးလိုက်သည့်သိမ်းဆည်းကျည်ဆန်များသည် ယူကရိန်းထံ အနောက်အုပ်စုက လက်နက်များ အဆက်မပြတ်ပေးပို့မှုနှင့်စပ်လျဉ်း၍ ပူပန်မှုများကို လျော့ပါးသွားစေဖွယ်မရှိပေ။
သဘောထားတင်းမာသော ရီပတ်ဘလီကင်များ၏အတိုက်အခံလုပ်မှုများကြားထဲအမေရိကန်အစိုးရ လည်ပတ်မှုယန္တရားရပ်ဆိုင်မည့်အရေးကို ရှောင်လွှဲရန်နောက်ဆုံးအချိန်ရောက်မှ သဘောတူညီမှုရရှိခဲ့သည်။ ယင်းသဘောတူညီချက်ကြောင့် ယူကရိန်းနိုင်ငံကိုပေးမည့် အနာဂတ်အမေရိကန်အကူအညီသည် မရေမရာဖြစ်လာသည်။ သမ္မတဘိုင်ဒင်က တည်တည်ငြိမ်ငြိမ် ရှိကြပါရန်အနောက်အုပ်စုခေါင်းဆောင်များ ကို တိုက်တွန်းပြောကြားထားသည်။
လွန်ခဲ့သော နှစ်တွင် ဗြိတိန်တော်ဝင် ရေတပ်၏စစ်သင်္ဘောတစ်စီးသည် အီရန်တောင်ဘက် နိုင်ငံတကာရေပိုင်နက်တွင် မှောင်ခိုကူးသူများထံမှ အီရန်လက်နက်များကို သိမ်းဆည်းခဲ့ရာ သိမ်းဆည်းခဲ့သည့် လက်နက်များထဲတွင် မြေပြင်မှ ဝေဟင်ပစ်ဒုံး ကျည်များ၊ ခရုစ်ဒုံးကျည်များအတွက် အင်ဂျင်များ ပါဝင်သည်။
ယီမင်၏ဟူသီရ်အဖွဲ့သည် ၂၀၁၅ ခုနှစ် ကတည်းက ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းကို စစ်ထိုးလျက်ရှိသည်။ ယီမင်စစ်ပွဲကြောင့် လူသောင်းချီသေဆုံးထားပြီး ယီမင်ပြည်သူ ၈၀ ရာခိုင်နှုန်းသည် အကူအညီများကို မှီခိုနေကြရသည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
