အိန္ဒိယနိုင်ငံရှိ တောင်ထူထပ်သော အရှေ့မြောက်ပိုင်း ဆစ်ကင်းပြည်နယ်ရှိ ဝေးလံခေါင်သီသော တောင်တန်းတစ်လျှောက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်အားကောင်းသော ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် စစ်သား ၂၃ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု အိန္ဒိယစစ်တပ်က အောက်တိုဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
“မြောက်ဆစ်ကင်းပြည်နယ်ရှိ Lhonak ရေကန်မှာ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် တီးစတားမြစ်မှာ ရေကြီးရေလျှံပြီး စစ်သား ၂၃ ဦးသေဆုံးကာ အချို့မော်တော်ယာဉ်တွေ ရေနစ်မြှုပ်ခဲ့ပါတယ်”ဟုစစ်တပ်က ပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟုဆိုသည်။
ယင်းဝေးလံခေါင်သီသော ဒေသသည် နီပေါနှင့်ထိစပ်နေသော အိန္ဒိယနယ်စပ်အနီးတွင်ရှိပြီး Lhonak ရေကန်သည်ကမ္ဘာ့တတိယအမြင့်ဆုံးတောင်ဖြစ်သည့် ကန်ချန်ဂျန်ဂါကို ဝန်းရံထားသောနှင်းထူထပ်သည့် တောင် တန်းများရှိ ရေခဲမြစ်တစ်ခု၏အောက်ခြေတွင်တည်ရှိသည်။
ချန်သန်းဆည်၏ ရေဆန်မှ ရေထွက်ရှိသည့် အဓိပ္ပာယ်မှာ မြစ်သည်ပုံမှန်ထက်၁၅ပေ ပိုမိုမြင့်မားနေပြီးဖြစ်သည့် သဘောဖြစ်သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။
အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းတစ်ခု၌ ညိုညစ်နေသောရေထုကြီးသည် တောအုပ်ထူထပ်သောချိုင့်ဝှမ်းတစ်ခုသို့ စီးဆင်းနေကာလမ်းများတွင် ရေပြည့်ရေလျှံဖြစ်နေပြီး ဓာတ်ကြိုးများ ပြတ်ကျလျက်ရှိသည်ကိုတွေ့ရသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် အကြိမ်ရေနှင့် ပြင်းအားကို ပိုမိုတိုးမြင့်လာစေသည်။
စစ်တပ်က ထုတ်ပြန်သည့် အခြားဓာတ်ပုံများတွင် အဆောက်အအုံများ၏ပထမထပ်များတွင် ရေကြီးရေလျှံနေသည်ကို တွေ့ရသည်။
ဒေသခံမီဒီယာ၌မူမိုးရွာသွန်းနေချိန် ထီးဆောင်းထားသော ဆစ်ကင်းဒေသဝန်ကြီးချုပ် ပရမ်ဆင်းတာမန်းက ဆင်းတမ်မြို့တွင် ရေကြီးမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ပြောဆိုဆွေးနွေးနေသည်ကို မြင်တွေ့ရသည်။
နွေရာသီအပူချိန်သည် တိုက်ငယ်၏မြေသားထုကို ပူနွေးလာသောကြောင့်လေထုမြင့်တက်လာပြီး အိန္ဒိယသမုဒ္ဒရာတွင်းရှိပိုမို အေးမြသောလေထုကို စုပ်ယူသောကြောင့် မိုးရေပမာဏအများအပြားကို ပြန်လည်စွန့် ထုတ်ချိန်တွင် မုတ်သုံရာသီပေါ်ပေါက်လာခြင်းဖြစ်သည်။သို့သော် ယင်းမုတ်သုံရာသီသည်နှစ်စဉ် မြေပြိုမှုများနှင့် ရေကြီးမှုများကြောင့် အပျက်အစီးများကို ဆောင်ယူလာခဲ့ သည်။ရေခဲမြစ်အရည်ပျော်မှုများသည် ရေပမာဏကို ပိုမိုုများပြားစေပြီး ရေဘေးသင့်ဒေသများရှိ စည်းမျဉ်းနှင့်ကိုက်ညီစွာဆောက်လုပ်ထားခြင်းမရှိသော အဆောက်အအုံများ သည်အပျက်အစီးများကိုဆိုးရွားစေသည်။
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ဟိမဝန္တာရေခဲမြစ်များသည် ယခင်ကထက် ပိုမိုမြန်ဆန်စွာ အရည်ပျော်ပြီး မခန့်မှန်းနိုင်ဘဲ အကုန်အကျများစွာဖြစ်ပေါ်စေသော သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့စေခဲ့သည်။ရေခဲမြစ်များသည် အစောပိုင်းဆယ်စုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၆၅ ရာခိုင်နှုန်း ပိုမိုုမြန်ဆန်စွာ ပျောက်ကွယ်ခဲ့သည်ဟုအပြည်ပြည်ဆိုင်ရာ တောင်တန်းဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးဗဟိုဌာန(ICIMOD)က ဇွန်လတွင် ထုတ်ပြန်သောအစီရင်ခံစာတစ်ရပ်၌ သတိပေးထားသည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
